ထာဝရ တာဝန်ထမ်းဆောင်ခြင်း – ဦးနှောက်မှ အနားယူရန် လိုအပ်သည့် အချိန်

  • 4 years ago
နှစ်အနည်းငယ်အတွင်းမှာပင် ဒစ်ဂျစ်တယ်ပစ္စည်းများဖြစ်သည့် စမတ်ဖုန်းများနှင့် တက်ဘလက်များသည် ကမ္ဘာတဝှမ်းရှိ ကုဋ္ဋေပေါင်းများစွာသော လူများ၏ နေထိုင်မှုပုံစံကို အပြောင်းအလဲဖြစ်စေခဲ့သည်။ သတင်း အချက်အလက် အများအပြားကို နေရာတိုင်း၊ အချိန်တိုင်းနီးပါး ရရှိနိုင်သည်။
စီးပွားရေးလောက၌သာ မဟုတ်ဘဲ လူတိုင်းနီးပါးမှာ ၎င်းတို့ထံပို့သော အချက်အလက်များနှင့် ပတ်သက်၍ အလျှင်အမြန် တုံ့ပြန်မှုရရန် မျှော်လင့်ထားကြသည်။ အဆိုပါဖြစ်စဉ်သည် လူသားများ၏ ဦးနှောက်အား နည်းလမ်းပေါင်းများစွာဖြင့် အကျိုးသက်ရောက်မှု ရှိနေသည်။ သတင်းအချက်အလက်များ အဆက်မပြတ် ရရှိနေခြင်းကြောင့် လူများသည် မိမိတို့၏ အရေးကြီးလုပ်ငန်းများကို ကောင်းမွန်စွာ အာရုံစိုက်နိုင်ခြင်း မရှိတော့ပေ။
ဒစ်ဂျစ်တယ်နည်းဖြင့် အလုပ်ပေါင်းများစွာ လုပ်ဆောင်နေခြင်းမှာ ဦးနှောက်၏ လုပ်ဆောင်မှုစွမ်းရည်ကို အဆုံးစွန် တွန်းပို့သကဲ့သို့ ဖြစ်နေသည်။ သာမာန်အားဖြင့် စိတ်နှောက်ယှက်မှု အနည်းငယ်ကိုသာ ဖြစ်စေသည့် နောက်ခံ ဆူညံသံကဲ့သို့သော အချက်များမှာ ဤအခြေအနေတွင် စိတ်ငြီးငြူမှုနှင့် စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေသည်။
ထို့အပြင် စီးပွားရေးအဟန့်အတားနှင့် ပုဂ္ဂလိကသီးသန့် ဆက်သွယ်မှုများကြောင့် ဦးနှောက်မှာ ပြင်ပမှ စွမ်းအားမြင့် လှုံ့ဆော်မှုကို အဆက်မပြတ် ခံစားရခြင်းကြောင့် လူသားများအား အာရုံစူးစိုက်မှုများ ဆုံးရှုံးစေသည်။
သို့ရာတွင် ၎င်းမှာ မှတ်ဉာဏ်အကြောင်းအရာများသို့ ဆက်စပ်မှုကို တည်ဆောက်ပေးခြင်း၊ စီမံကိန်းချမှတ်ခြင်း လုပ်ငန်းစဉ်များကို ဖွံ့ဖြိုးစေခြင်းနှင့် အခြားသူများနှင့် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုများကို မြှင့်တင်ပေးခြင်းတို့ ပါသင်သည့် သိမြင်နိုင်မှု ဖြစ်စဉ်များအတွက် အရေးပါသော လှုပ်ရှားမှု ဖြစ်သည်။ အာရုံကြောပညာရပ်ဆိုင်ရာ သိပ္ပံပညာရှင်နှင့် အခြား ကျွမ်းကျင်သူပညာရှင်များမှ ဒစ်ဂျစ်တယ်နည်းပညာ ပစ္စည်းအား ပုံမှန်အသုံးပြုသူများ အနေဖြင့် ၎င်းတို့ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမျှမှုနှင့် လွတ်လပ်စွာ တွေးခေါ်နိုင်မှု စွမ်းရည်ကို ထိန်းသိမ်းရာ၌ အကူအညီဖြစ်စေသည့် ထိရောက်သည့် မဟာဗျူဟာတစ်ခုအဖြစ် ရှုမြင်ရန် အကြံပေးထားသည်။

https://memr.moe.edu.mm/video/always-on-duty-when-the-brain-needs-a-break/

Category

📚
Learning

Recommended