ဒုတိယေျမာက္႐ုပ္ရွင္ကား႐ိုက္ဖို႔ ျပင္ဆင္ေနတဲ့ ဒါ႐ိုက္တာေအာင္ျမတ္

  • 7 years ago
ZawGyi-
အမိုက္စား သီခ်င္း MTV မ်ားကို ဖန္တီးတတ္သည့္ ဒါ႐ိုက္တာေအာင္ျမတ္အေနျဖင့္ ဒုတိယေျမာက္႐ုပ္ရွင္ကားကို စတင္႐ိုက္ကူးေတာ့မည္ျဖစ္ၿပီး ပုညခင္ရဲ႕ “အေနာက္ေတာင္အရပ္မွ လာခဲ့သူ” ျဖစ္သည္ဟု ဆိုလာသည္။

“ေနာက္႐ိုက္မယ့္႐ုပ္ရွင္ကားႀကီးအတြက္ စၿပီးေတာ့ျပင္ဆင္ေနတယ္။ အခု႐ိုက္ဖို႔ ေျပာထားတာလည္း အေနာက္ေတာင္အရပ္မွလာခဲ့သူ ဇာတ္ကားေပါ့ေနာ္။ သူကဇာတ္အိမ္ကလည္း ႀကီးတယ္။ ၿပီးေတာ့ ျပင္ဆင္ရမယ့္ အပိုင္းေတြကလည္း အမ်ားႀကီးရွိတဲ့အတြက္ အခုတည္းက ႀကိဳၿပီးေတာ့ျပင္ဆင္ေနရပါတယ္။ အဓိက ကေတာ့ Pre Production စိတ္ခ်ရမွသာ ကၽြန္ေတာ္တို႔႐ိုက္ကူးမႈက အဆင္ေျပမွာျဖစ္တဲ့အတြက္ ႀကိဳတင္ျပင္ဆင္မႈအပိုင္းကိုပဲ အာ႐ံုစိုက္ၿပီး လုပ္ေနပါတယ္” ဟု ဒါ႐ိုက္တာေအာင္ျမတ္က မဇၥ်ိမကို ေျပာသည္။

႐ိုက္မည့္အခ်ိန္ႏွင့္ ပတ္သက္ၿပီး “႐ိုက္ဖို႔ကေတာ့ ကၽြန္ေတ္ာတို႔ ေသခ်ာႀကီး မွန္းထားလို႔ေတာ့ မရေသးဘူးဗ်။ အခုကေတာ့ အားလံုးကို အေသးစိတ္ စီစဥ္ေနရတယ္။ Location ေတြကအစ ၿပီးေတာ့ ပါမယ့္ Crew ေတြကအစ ပိုၿပီးေတာ့ Strong ျဖစ္ေအာင္ လုပ္ခ်င္တယ္။ ၿပီးေတာ့ ဒီဇာတ္ကိုလည္း ကၽြန္ေတာ္ကိုယ္တိုင္ အရမ္းအားထားတဲ့အတြက္ အတိမ္းအေစာင္းကို နည္းသထက္နည္းေအာင္ အေကာင္းဆံုး ျဖစ္ေအာင္ကၽြန္ေတာ္ႀကိဳးစားခ်င္ပါတယ္”ဟု ေျပာသည္။

ဒါ႐ိုက္တာေအာင္ျမတ္၏ ပထမဆံုး႐ုပ္ရွင္ကားႀကီးမွာ ေအာင္ရဲလင္းႏွင့္ ဝတ္မံႈေရႊရည္ တို႔ ပါဝင္သ႐ုပ္ေဆာင္ထားသည့္ အနမ္းဝိုင္႐ုပ္ရွင္ကားႀကီးျဖစ္ၿပီး ပုညခင္၏ ဝတၳဳျဖစ္ကာ ထို႐ုပ္ရွင္ကားႀကီးကို ႐ံုတင္ရက္ေစာင့္ေနျခင္း ျဖစ္သည္။


Unicode-
အမိုက်စား သီချင်း MTV များကို ဖန်တီးတတ်သည့် ဒါရိုက်တာအောင်မြတ်အနေဖြင့် ဒုတိယမြောက်ရုပ်ရှင်ကားကို စတင်ရိုက်ကူးတော့မည်ဖြစ်ပြီး ပုညခင်ရဲ့ “အနောက်တောင်အရပ်မှ လာခဲ့သူ” ဖြစ်သည်ဟု ဆိုလာသည်။

“နောက်ရိုက်မယ့်ရုပ်ရှင်ကားကြီးအတွက် စပြီးတော့ပြင်ဆင်နေတယ်။ အခုရိုက်ဖို့ ပြောထားတာလည်း အနောက်တောင်အရပ်မှလာခဲ့သူ ဇာတ်ကားပေါ့နော်။ သူကဇာတ်အိမ်ကလည်း ကြီးတယ်။ ပြီးတော့ ပြင်ဆင်ရမယ့် အပိုင်းတွေကလည်း အများကြီးရှိတဲ့အတွက် အခုတည်းက ကြိုပြီးတော့ပြင်ဆင်နေရပါတယ်။ အဓိက ကတော့ Pre Production စိတ်ချရမှသာ ကျွန်တော်တို့ရိုက်ကူးမှုက အဆင်ပြေမှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းကိုပဲ အာရုံစိုက်ပြီး လုပ်နေပါတယ်” ဟု ဒါရိုက်တာအောင်မြတ်က မဇ္စျိမကို ပြောသည်။

ရိုက်မည့်အချိန်နှင့် ပတ်သက်ပြီး “ရိုက်ဖို့ကတော့ ကျွန်တေ်ာတို့ သေချာကြီး မှန်းထားလို့တော့ မရသေးဘူးဗျ။ အခုကတော့ အားလုံးကို အသေးစိတ် စီစဉ်နေရတယ်။ Location တွေကအစ ပြီးတော့ ပါမယ့် Crew တွေကအစ ပိုပြီးတော့ Strong ဖြစ်အောင် လုပ်ချင်တယ်။ ပြီးတော့ ဒီဇာတ်ကိုလည်း ကျွန်တော်ကိုယ်တိုင် အရမ်းအားထားတဲ့အတွက် အတိမ်းအစောင်းကို နည်းသထက်နည်းအောင် အကောင်းဆုံး ဖြစ်အောင်ကျွန်တော်ကြိုးစားချင်ပါတယ်”ဟု ပြောသည်။

ဒါရိုက်တာအောင်မြတ်၏ ပထမဆုံးရုပ်ရှင်ကားကြီးမှာ အောင်ရဲလင်းနှင့် ဝတ်မှုံရွှေရည် တို့ ပါဝင်သရုပ်ဆောင်ထားသည့် အနမ်းဝိုင်ရုပ်ရှင်ကားကြီးဖြစ်ပြီး ပုညခင်၏ ဝတ္ထုဖြစ်ကာ ထိုရုပ်ရှင်ကားကြီးကို ရုံတင်ရက်စောင့်နေခြင်း ဖြစ်သည်။

Recommended