မနီလာမြို့၊ ဆင်းရဲသားရပ်ကွက် မီးဘေးကြောင့် မိသားစု ၇၅၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်

  • 7 years ago
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်နားက ဆင်းရဲသား ရပ်ကွက်တစ်ခုမှာ မီးကူးစက် လောင်ကျွမ်းမှုကြောင့် တစ်ညတည်းနဲ့ မိသားစု ၇၅၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၈ ရက် ညပိုင်းက လောင်ကျွမ်းတဲ့ မီးကြောင့် လူပေါင်း ၄၀၀၀ ကျော်လောက် သက်ရောက်ထိခိုက် ခံစားခဲ့ရကြောင်း မနီလာ ရဲတပ်ဖွဲ့က ပြောပါတယ်။ ရပ်ကွက်ထဲက အိမ်တွေက သစ်၊ ဝါး၊ ပလပ်စတစ် ပစ္စည်းတွေနဲ့ အဓိက တည်ဆောက်ထားတာကြောင့် လျင်လျင်မြန်မြန် မီးကူးစက်ခဲ့တယ်လို့ သိရပါတယ်။ မနီလာမြို့တော် ပတ်ဝန်းကျင်မှာ ဆင်းရဲနွမ်းပါးသူတွေ စုစည်းနေထိုင်တဲ့ ရပ်ကွက်တွေမှာ မကြာခဏ မီးလောင်မှုတွေ ဖြစ်ပွားလေ့ ရှိကြောင်းလည်း သိရပါတယ်။

Recommended