• 8 years ago
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ဒေသမှာ တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် ကြံခုတ်အလုပ်သမားတွေ အများစုပါဝင်တဲ့ လုပ်သားနှစ်ထောင်ငါးရာကျော် နေရပ်ကို ပြန်လာကြပါတယ် ။ ကိုးကန့်ဒေသ ၊ လောက်ကိုင်မြို့ အနီးက ကျေးရွာတွေမှာ မြန်မာပြည် အလယ်ပိုင်းမှ လာရောက် လုပ်ကိုင်သော ကြံခုတ်အလုပ်သမား အများစုဟာ တိုက်ပွဲတွေကြောင့် ပြန်လာခဲ့ကြတာပါ။ တိုက်ပွဲတွေကြာင့် ပြန်လာတဲ့ လုပ်သားတွေဟာ မကွေးတိုင်း ဒေသကြီး အတွင်းက မြို့နယ်၊ကျေးရွာတွေက အများဆုံးဖြစ်ပြီး ဆင်ပေါင်ဝဲ၊ ရမည်းသင်း၊နတ်မောက်၊တောင်တွင်းကြီး ၊ အောင်လံ၊ပြည်၊ မင်းလှ၊ မြန်အောင်၊ ကျောက်ပန်းတောင်း၊မင်းဘူး၊ နေပြည်တော်၊ ရန်ကုန်၊ ပျော်ဘွယ်၊ မြိုင်၊ ရန်ကုန်စတဲ့ မြို့တွေက ဖြစ်တယ်လို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။

ရုပ်သံသတင်းထောက် - ဖြိုးဖြိုးဇော်

Category

🗞
News

Recommended