လူသွားလူလာများတဲ့ နေရာ(၅၆)နေရာမှာ လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားမှုလုပ်မယ်

  • 7 years ago
ရန်ကုန်မြို့မှာ ယာဉ်လမ်းအန္တရယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုကို ဧပြီလ ၁ ရက်မှာ စတင်တော့မှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို မြန်မာနိုင်ငံယာဉ်လမ်း အန္တရယ်ကင်းရှင်းရေးအဖွဲ့ (MORS)က ဦးစီးလုပ်ဆောင်တာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းရှိ ယာဉ်သွားလာမှုများတဲ့နေရာ (၅၆)နေရာက လမ်းတွေပေါ်မှာ အသိပညာပေး လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပထမအကြိမ် ယာဉ်လမ်းအန္တရယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုကို ၂၀၁၆ခုနှစ် နိုဝင်ဘာလမှာ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရန်ကုန်မြို့တွင်း (၄၉)နေရာမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို အသိပညာပေးဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရုပ်သံ သတင်းထောက် - လွင်သဲငယ်ဦး

Recommended