တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် ညွှန်ကြားရေးမှူးရုံး ဖွင့်လှစ် (ရုပ်/သံ)ဧရာဝတီ၊ မတ် ၂၀ ၊ ၂၀၁၈မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော တိုင်းရင်းသား

  • 6 years ago
တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရန် ညွှန်ကြားရေးမှူးရုံး ဖွင့်လှစ် (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၂၀ ၊ ၂၀၁၈

မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံးကို မွန်ပြည်နယ်နေ့ဖြစ်သည့် မတ် ၁၉ ရက်နေ့ ညနေ ၅ နာရီတွင် မော်လမြိုင်မြို့၌ ဖွင့်လှစ်ခဲ့သည်။

ရုံးဖွင့်ပွဲအခမ်းအနားကို အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်အဖွဲ့များ၊ အခြားတိုင်းနှင့် ပြည်နယ်များမှ တိုင်းရင်းသားရေးရာ ဝန်ကြီးများအပြင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ထောမွန်တို့ တက်ရောက်ခဲ့ကြသည်။

ရိုက်ကူး- ဥာဏ်စိုးဝင်း

Recommended