သင်္ချိုင်းဟောင်းမြေနေရာအား ပန်းခြံပြုလုပ်ပေးရေး ဟင်္သာတတွင် တောင်းဆို**************************************************ဟင်္သာတမြို့တွင် လူအင်အား၃၀၀ ခန့်က သင်္ချိုင်းေ

  • 6 years ago
သင်္ချိုင်းဟောင်းမြေနေရာအား ပန်းခြံပြုလုပ်ပေးရေး ဟင်္သာတတွင် တောင်းဆို
**************************************************

ဟင်္သာတမြို့တွင် လူအင်အား၃၀၀ ခန့်က သင်္ချိုင်းဟောင်းမြေနေရာအား ပန်းခြံပြုလုပ်ပေးရေး မေလ ၃ ရက် နေ့တွင် ဆန္ဒဖော်ထုတ်တောင်းဆိုခဲ့သည်။

ဆန္ဒဖော်ထုတ်သူ ဦးဖြိုးမြင့်သိန်းက " ဖွံဖြိုးတိုးတက်မှု ကျွန်တော်တို့တိုင်းက နံပါတ် ၁၃ နေရာ ရောက်နေတယ် ၊မြို့လယ်ပိတ်သိမ်းထားတဲ့ သချိုင်းဟောင်းနေရာကို ဖွံဖြိုးတိုးတက်ဖို့ ပြည်သူလူထုအနေနဲ့ ဥပဒေဘောင်ထဲက တောင်းတာပါ ။ ဒါကို ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ ကတိကဝတ်ပျက်ကွက်ပြီး အကြောင်းပြန်ကြားခြင်း မရှိခဲ့ပါဘူး။ အဲဒီလိုမရှိလို့ ပြည်သူက ထပ်ပြီး တောင်းဆိုရတာ”ဟု ပြောသည်။

ကြွေးကြော်သံများမှာ" မြို့လယ်သင်္ချိုင်းဟောင်းအားပန်းခြံပြုလုပ်ခွင့်ပေးရေး ဒို့အရေး၊ဘာသာပေါင်းစုံကလေး များအနာဂတ်အတွက်ပန်းခြံပြုလုပ်ခွင့်ရရေးဒို့အရေး၊ စည်ပင်ဥပဒေကို တိုင်းဒေသကြီးအစိုးရမှ ချက်ချင်း အကောင်ထည်ဖော်ပေးရေး ဒို့အရေး”စသည့် ကြွေးကြော်သံများဖြင့် လူအင်အား၃၀၀က တောင်းဆိုခဲ့သည်။

ရိုက်ကူး-စည်သူမောင်မောင်

Recommended