ရိုက္တာသတင္းေထာက္ႏွစ္ဦးအမႈ ေျခာက္လျပည့္ၿပီ ဇြန္ - ၁၂ ၊၂၀၁၈ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ဥပေဒနဲ႕ ဖမ္းဆီးခံထားရတဲ့ရိုက္တာသတင္းေထာက္နွစ္ဦး အမႈဟာ ဒီကေန႕ မွာဆိုရင္

  • 6 years ago
ရိုက္တာသတင္းေထာက္ႏွစ္ဦးအမႈ ေျခာက္လျပည့္ၿပီ

ဇြန္ - ၁၂ ၊၂၀၁၈

ႏိုင္ငံေတာ္လွ်ိဳ႕ဝွက္ခ်က္ဥပေဒနဲ႕ ဖမ္းဆီးခံထားရတဲ့ရိုက္တာသတင္းေထာက္နွစ္ဦး အမႈဟာ ဒီကေန႕ မွာဆိုရင္ ေျခာက္လျပည္႕ပါၿပီ ။

ဒီကေန႕ရုံးခ်ိန္းမွာေတာ့ တရားလိုျပသက္ေသတစ္ဦးျဖစ္တဲ့ စီအိုင္ဒီက ဒုရဲမွဴးတင္ဝင္းေမာင္ဟာ ခရီးလြန္ေန တာေၾကာင့္ ဒီကေန႕မွာ စစ္ေဆးႏိုင္တာမရိွခဲ့ဘူးလို႕သိရပါတယ္။

ရိုက္တာသတင္းေထာက္ႏွစ္ဦးဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၂ ရက္ေန႕ညပိုင္းက ဖမ္းဆီးခံခဲ့ရတာျဖစ္ပါတယ္။

မေန႕က ရုံးခ်ိန္းမွာေတာ့ အမႈနဲ႕ပတ္သက္ၿပီး ရားထူးကေန ထုတ္ပယ္ခံထားရတဲ့ ရဲတပ္ၾကပ္ႀကီးေဟာင္း ခင္ေမာင္လင္းကို လိုျပသက္ေသအျဖစ္ စစ္ေဆးႏုိင္ဖို႕႔အတြက္ တရားရုံးက ဆင့္ေခၚစာထုတ္ေပးဖို႕ တရားလိုဘက္က ေလွ်ာက္ထားခဲ့ပါတယ္။

ဒီကေန႔ ရုံးခ်ိန္းဟာ ၂၆ ႀကိမ္ေျမာက္ရုံးခ်ိန္းျဖစ္ၿပီး အမႈကို လာမယ့္ ဇြန္လ ၁၈ ရက္ေန႔မွာ ထပ္မံစစ္ေဆးသြားမွာျဖစ္ပါတယ္။

ရုပ္သံသတင္းေထာက္ - ေစာေအာင္မင္းဦး၊ ေကာင္းေဇာ္ဟိန္း

Unicode

ရိုက်တာသတင်းထောက်နှစ်ဦးအမှု ခြောက်လပြည့်ပြီ

ဇွန် - ၁၂ ၊၂၀၁၈

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ရိုက်တာသတင်းထောက်နှစ်ဦး အမှုဟာ ဒီကနေ့ မှာဆိုရင် ခြောက်လပြည့်ပါပြီ ။

ဒီကနေ့ရုံးချိန်းမှာတော့ တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ စီအိုင်ဒီက ဒုရဲမှူးတင်ဝင်းမောင်ဟာ ခရီးလွန်နေ တာကြောင့် ဒီကနေ့မှာ စစ်ဆေးနိုင်တာမရှိခဲ့ဘူးလို့သိရပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ညပိုင်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

မနေ့က ရုံးချိန်းမှာတော့ အမှုနဲ့ပတ်သက်ပြီး ရားထူးကနေ ထုတ်ပယ်ခံထားရတဲ့ ရဲတပ်ကြပ်ကြီးဟောင်း ခင်မောင်လင်းကို လိုပြသက်သေအဖြစ် စစ်ဆေးနိုင်ဖို့အတွက် တရားရုံးက ဆင့်ခေါ်စာထုတ်ပေးဖို့ တရားလိုဘက်က လျှောက်ထားခဲ့ပါတယ်။

ဒီကနေ့ ရုံးချိန်းဟာ ၂၆ ကြိမ်မြောက်ရုံးချိန်းဖြစ်ပြီး အမှုကို လာမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ထပ်မံစစ်ဆေးသွားမှာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - စောအောင်မင်းဦး၊ ကောင်းဇော်ဟိန်း

Recommended