ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းရိုင်ခရိုင်ထဲမှာရှိတဲ့ ထန်းလွမ် နန့်နွမ် ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေနဲ့ သူတို့ဘောလုံးနည်းပြကို ကယ်ဆယ်နေတဲ့ သူတွေထဲက အကြီးအကဲတွေက

  • 6 years ago
ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းရိုင်ခရိုင်ထဲမှာရှိတဲ့ ထန်းလွမ် နန့်နွမ် ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေနဲ့ သူတို့ဘောလုံးနည်းပြကို ကယ်ဆယ်နေတဲ့ သူတွေထဲက အကြီးအကဲတွေက ကယ်ဆယ်ရေး လုပ်ရင်း သေဆုံးသွားခဲ့သူရဲ့ အသက်တချောင်း အလဟဿ မဖြစ်စေရဘူးလို့ပြောလိုက်ပါတယ်။
စမန် ဂန်နန်ဟာ အရင် ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင် တဦးဖြစ်ပြီး အခုကယ်ဆယ်ရေးမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင် ဆောင်ရွက်နေတာဖြစ်ပါတယ်။
သူဟာ အဲဒီ ဂူထဲမှာ လိုအပ်မယ့် အောက်ဆီဂျင်ဗူးတွေကို အသစ် သွားလဲပေးအပြီး အပြန်မှာ သတိလစ်သွားပြီးနောက်မှာ အသက်ပါဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ ထိုင်းရေတပ်ကတော့ သူတို့ရေငုပ်သမားတွေနဲ့ ဒီနေ့ဆက်လက်လုပ်ဆောင်စရာရှိတာတွေလုပ်သွားမယ်လို့ ပြောထားပါတယ်။ ကိုသက်ထွေးနိုင်ကပြောပြမှာပါ။

Category

😹
Fun

Recommended