ဘီးလင်း ရေကြီးနေသောကျေးရွာအချို့ကို ကယ်ဆယ်ရေးများ ဝင်ရောက်ဖို့ခက်ခဲနေ (ရုပ်/သံ)ဧရာဝတီ၊ ဇူလိုင် ၃၀ ၊ ၂၀၁၈ရပ်ကွက်၊ ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်နေတဲ့ ဘီးလ

  • 6 years ago
ဘီးလင်း ရေကြီးနေသောကျေးရွာအချို့ကို ကယ်ဆယ်ရေးများ ဝင်ရောက်ဖို့ခက်ခဲနေ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၃၀ ၊ ၂၀၁၈

ရပ်ကွက်၊ ကျေးရွာပေါင်း ၂၀ ကျော် ရေနစ်မြုပ်နေတဲ့ ဘီးလင်းမြို့နယ်ထဲက ကျေးရွာအချို့ကို စာနပ်ရိက္ခာထောက်ပံ့ပေးဖို့ ကယ်ဆယ်ရေးစက်လှေတွေဟာ ဝင်ရောက်ဖို့ခက်ခဲနေတယ်လို့ ဘီးလင်းရေဘေးကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ခံ ကိုပြည့်စုံအောင်က ပြောပါတယ်။

“ခက်ခဲတဲ့ ကျေးရွာတွေကို သွားဖို့ စက်လှေတွေ သွားလို့မရတဲ့ အခြေအနေတွေရှိတယ်၊ အခုလက်ရှိမှာလည်း နတ်ကြီးကို တက်ဖို့ကြိုစားနေတယ်၊ ကိုဝေဠုကျော်တို့အဖွဲ့နဲ့၊ တော်တော်လေးကို ရေစီးကာသန်တော့ မနေ့ညက ကူညီထောက်ပံ့ပေးတဲ့ လှေတွေ အဲ့ဒီကို မရောက်ဘူး၊ ရေစီးတအားသန်ပြီးတော့၊ ဘေးနားက ရွာတစ်ရွာမှာ အိပ်လိုက်ရတယ်၊ ဒီမနက်မှ သူတို့ရောက်တာပေါ့”ဟု ၎င်းက ဆိုပါတယ်။

ရိုက်ကူး/ တည်းဖြတ်- ဥာဏ်စိုးဝင်း

Recommended