ရန္ကုန္တကၠသိုလ္နယ္ေျမက ရွစ္ေလးလံုး ႏွစ္ ၃၀ ပုလဲရတု အထိမ္းအမွတ္ အခမ္းအနားၾသဂုတ္ ၆၊ ၂၀၁၈ဒီမိုကေရစီအေရးအတြက္ တိုက္ပြဲ၀င္ခဲ့ၾကတဲ့ ရွစ္ေလးလံုး အေရးအခင္းသမိုင္း န

  • 6 years ago
ရန္ကုန္တကၠသိုလ္နယ္ေျမက ရွစ္ေလးလံုး ႏွစ္ ၃၀ ပုလဲရတု အထိမ္းအမွတ္ အခမ္းအနား

ၾသဂုတ္ ၆၊ ၂၀၁၈

ဒီမိုကေရစီအေရးအတြက္ တိုက္ပြဲ၀င္ခဲ့ၾကတဲ့ ရွစ္ေလးလံုး အေရးအခင္းသမိုင္း နွစ္ ၃၀ ျပည့္ ပုလဲရတု အခမ္းအနားကို ဒီကေန႔ ၾသဂုတ္လ ၆ ရက္ေန႔ မနက္ပိုင္းက ရန္ကုန္တကၠသိုလ္နယ္ေျမထဲမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

အဓိပတိလမ္းမတစ္ေလွ်ာက္မွာ ေဒါင္းအလံေတြစိုက္ထူၿပီး၊ ရွစ္ေလးလံုးအေရးအခင္းမွာ ပါ၀င္ခဲ့ၾကသူေတြ၊ ေခတ္အဆက္ဆက္ ဒီမိုကေရစီအေရးမွာ တိုက္ပြဲ၀င္ခဲ့ၾကတဲ့သူေတြ၊ ေက်ာင္းသားမ်ိဳးဆက္ေတြနဲ႔ ရဟန္းသံဃာေတာ္အခ်ိဳ႕လည္း တက္ေရာက္ခဲ့ၾကပါတယ္။

အမ်ားျပည္သူေတြလာေရာက္ၾကည့္႐ႈေလ့လာႏိုင္သလို၊ ျပခန္းတစ္ခုခ်င္းစီရဲ႕ သမိုင္းေၾကာင္းေတြကို ႐ွင္းျပေပးမယ့္ ျပခန္းတာဝန္ခံေတြကိုလည္း ထား႐ွိေပးထားပါတယ္။

အခမ္းအနားကို သံုးရက္တာ က်င္းပမွာ ျဖစ္ၿပီး၊ ဒီေန႔မွာေတာ့ ဒီမိုကေရစီေရး ႏွစ္သံုးဆယ္ခရီး နဲ႔ တိုင္းရင္းသား တန္းတူညီမွ်ေရးႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စု အစရွိတဲ့ ေခါင္းစဥ္ ႏွစ္ခုကို ေဆြးေႏြးသြားမွာပဲ ျဖစ္ပါတယ္။

မနက္ျဖန္မွာေတာ့ ျမန္မာ့နိုင္ငံေရးႏွင့္ စစ္အာဏာရွင္စနစ္ဆိုတဲ့ ေခါင္းစဥ္ကိုေဆြးေႏြၾကမွာ ျဖစ္ပါတယ္။

ရရွိလာတဲ့ ေဆြးေႏြးခ်က္ေတြကို အေျချပဳၿပီး၊ လာမယ့္ ၾသဂုတ္လ ၈ ရက္ေန႔မွာေတာ့ တိုင္းျပည္အတြက္ အႀကံျပဳစာတစ္ေစာင္ထုတ္ျပန္သြားမွာပဲ ျဖစ္ပါတယ္ရွင္။

ရုပ္သံသတင္းေထာက္-ယဥ္မြန္

Unicode

ရန်ကုန်တက္ကသိုလ်နယ်မြေက ရှစ်လေးလုံး နှစ် ၃၀ ပုလဲရတု အထိမ်းအမှတ် အခမ်းအနား

သြဂုတ် ၆၊ ၂၀၁၈

ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ရှစ်လေးလုံး အရေးအခင်းသမိုင်း နှစ် ၃၀ ပြည့် ပုလဲရတု အခမ်းအနားကို ဒီကနေ့ သြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဓိပတိလမ်းမတစ်လျှောက်မှာ ဒေါင်းအလံတွေစိုက်ထူပြီး၊ ရှစ်လေးလုံးအရေးအခင်းမှာ ပါဝင်ခဲ့ကြသူတွေ၊ ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေ၊ ကျောင်းသားမျိုးဆက်တွေနဲ့ ရဟန်းသံဃာတော်အချို့လည်း တက်ရောက်ခဲ့ကြပါတယ်။

အများပြည်သူတွေလာရောက်ကြည့်ရှုလေ့လာနိုင်သလို၊ ပြခန်းတစ်ခုချင်းစီရဲ့ သမိုင်းကြောင်းတွေကို ရှင်းပြပေးမယ့် ပြခန်းတာဝန်ခံတွေကိုလည်း ထားရှိပေးထားပါတယ်။

အခမ်းအနားကို သုံးရက်တာ ကျင်းပမှာ ဖြစ်ပြီး၊ ဒီနေ့မှာတော့ ဒီမိုကရေစီရေး နှစ်သုံးဆယ်ခရီး နဲ့ တိုင်းရင်းသား တန်းတူညီမျှရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု အစရှိတဲ့ ခေါင်းစဉ် နှစ်ခုကို ဆွေးနွေးသွားမှာပဲ ဖြစ်ပါတယ်။

မနက်ဖြန်မှာတော့ မြန်မာ့နိုင်ငံရေးနှင့် စစ်အာဏာရှင်စနစ်ဆိုတဲ့ ခေါင်းစဉ်ကိုဆွေးနွေကြမှာ ဖြစ်ပါတယ်။

ရရှိလာတဲ့ ဆွေးနွေးချက်တွေကို အခြေပြုပြီး၊ လာမယ့် သြဂုတ်လ ၈ ရက်နေ့မှာတော့ တိုင်းပြည်အတွက် အကြံပြုစာတစ်စောင်ထုတ်ပြန်သွားမှာပဲ ဖြစ်ပါတယ်ရှင်။

ရုပ်သံသတင်းထောက်-ယဉ်မွန်