အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်သူ ၃ ဦး တိုင်းတရားလွှတ်တော်သို့ လာရောက်သတင်းပို့
==================
လူမှုကွန်ရက်တွင် ဟာသရုပ်သံဖိုင်များဖြင့် နာမည်ကြီးသူ အောင်ရဲထွေး သေဆုံးခဲ့ရသည့်အမှုမှ ပြန်လည် လွတ်မြောက်ခဲ့သော သန်းထွဋ်အောင်အပါအဝင်သုံးဦးက ယနေ့ သြဂုတ်လ ၇ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်သို့ လာရောက်ကာ သတင်းပို့ခဲ့ကြောင်း တိုင်းတရားလွှတ်တော်မှ သတင်းနှင့် ပြန်ကြားရေး အရာရှိ ဒေါ်နွဲ့နွဲ့ဦးကပြောသည်။
ပြည်ထောင်စုရှေ့နေချုပ်၏ ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ဥပဒေရုံးချုပ်မှ တိုင်းတရားလွှတ်တော်သို့ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၂၉၆(ခ)ဖြင့် တက်ရောက်ထားခြင်းပြီး ပြင်ဆင်မှုလျှောက်ထားလွှာမိတ္တူနှင့် ဆင့်ခေါ် စာတို့ကို သန်းထွဋ်အောင် အပါအဝင်သုံးဦးထံသို့ သြဂုတ်လ ၂ ရက်နေ့က သမ္မာန်စာပေးပို့ထားခဲ့ခြင်း ဖြစ် သည်။
သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)
သတင်းအပြည့်အစုံ-

Category
😹
Fun