ေခတ္ေဟာင္းကင္မရာျပပြဲ က်င္းပမယ္ေအာက္တိုဘာ ၇၊ ၂၀၁၈ေ႐ွးေဟာင္းကင္မရာအလံုးေပါင္း ၁၀၀ ေက်ာ္ေတြ႔ရမယ့္ ေခတ္ေဟာင္းကင္မရာျပပြဲ က်င္းပသြားဖို႔ ႐ွိေနပါတယ္။ေ႐ွးေခတ္ကင

  • 6 years ago
ေခတ္ေဟာင္းကင္မရာျပပြဲ က်င္းပမယ္

ေအာက္တိုဘာ ၇၊ ၂၀၁၈

ေ႐ွးေဟာင္းကင္မရာအလံုးေပါင္း ၁၀၀ ေက်ာ္ေတြ႔ရမယ့္ ေခတ္ေဟာင္းကင္မရာျပပြဲ က်င္းပသြားဖို႔ ႐ွိေနပါတယ္။

ေ႐ွးေခတ္ကင္မရာကေန အခုေခတ္ေပၚကင္မရာေပါင္းစံုကို ျပသသြားမွာ ျဖစ္ၿပီး၊ ကင္မရာအဆင့္ဆင့္ေျပာင္းလဲလာမႈေတြ၊ ကင္မရာနဲ႔ ပတ္သက္တဲ့ နည္းပညာမ်ွေဝမႈေတြကိုလည္း ျပပြဲမွာ ျပဳလုပ္သြားမယ္လို႔ ဆိုပါတယ္။

ျပပြဲကို လာမယ့္ ေအာက္တိုဘာလ ၁၉ ရက္ေန႔ကေန ၂၁ ရက္ေန႔အထိ ရန္ကုန္ဂလာရီ မွာ မနက္ ၉ နာရီကေန ညေန ၅ နာရီအထိ ျပသ သြားမွာ ျဖစ္ပါတယ္။

ျပပြဲမွာေတာ့ စုေဆာင္းထားတဲ့ ကင္မရာအလံုးေပါင္း ၆၀၀ ေက်ာ္ထဲကေနမွ အမ်ိဳးအစားအစံုပါဝင္မယ့္ ကင္မရာအလံုးေပါင္း ၁၀၀ ေက်ာ္ကို ျပသ သြားမွာ ျဖစ္ပါတယ္႐ွင္။

႐ုပ္သံသတင္းေထာက္ - ယဥ္မြန္

ခေတ်ဟောင်းကင်မရာပြပွဲ ကျင်းပမယ်

အောက်တိုဘာ ရ၊ ၂၀၁၈

ရှေးဟောင်းကင်မရာအလုံးပေါင်း ၁၀၀ ကျော်တွေ့ရမယ့် ခေတ်ဟောင်းကင်မရာပြပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

ရှေးခေတ်ကင်မရာကနေ အခုခေတ်ပေါ်ကင်မရာပေါင်းစုံကို ပြသသွားမှာ ဖြစ်ပြီး၊ ကင်မရာအဆင့်ဆင့်ပြောင်းလဲလာမှုတွေ၊ ကင်မရာနဲ့ ပတ်သက်တဲ့ နည်းပညာမျှဝေမှုတွေကိုလည်း ပြပွဲမှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

ပြပွဲကို လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရန်ကုန်ဂလာရီ မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ပြသ သွားမှာ ဖြစ်ပါတယ်။

ပြပွဲမှာတော့ စုဆောင်းထားတဲ့ ကင်မရာအလုံးပေါင်း ၆၀၀ ကျော်ထဲကနေမှ အမျိုးအစားအစုံပါဝင်မယ့် ကင်မရာအလုံးပေါင်း ၁၀၀ ကျော်ကို ပြသ သွားမှာ ဖြစ်ပါတယ်ရှင်။

ရုပ်သံသတင်းထောက် - ယဉ်မွန်