၁၉ လမ္းအလယ္ဘေလာက္ကတိုက္ခန္းမွာမီးေလာင္မႈျဖစ္ၿပီးတစ္ဦးေသဆုံးေအာက္တိုဘာ - ၁၃ ၊၂၀၁၈ ဒီကေန႕ မြန္းလြဲပိုင္းကလသာၿမိဳ႕နယ္ ၊ ၁၉ လမ္း အလယ္ဘေလာက္က တိုက္ခန္းတစ္ခန္း

  • 6 years ago
၁၉ လမ္းအလယ္ဘေလာက္ကတိုက္ခန္းမွာမီးေလာင္မႈျဖစ္ၿပီးတစ္ဦးေသဆုံး

ေအာက္တိုဘာ - ၁၃ ၊၂၀၁၈

ဒီကေန႕ မြန္းလြဲပိုင္းကလသာၿမိဳ႕နယ္ ၊ ၁၉ လမ္း အလယ္ဘေလာက္က တိုက္ခန္းတစ္ခန္း မွာ မီးေလာင္မႈ ျဖစ္ၿပီး အသက္ ၇ နွစ္အရြယ္ ေယာက်ာၤးေလးတစ္ဦး ေသဆုံးခဲ့ပါတယ္။

နွစ္ခန္းတြဲ ေလးထပ္အေဆာက္အအုံရဲ႕အေပၚဆုံးထပ္ မွာ နာရီဝက္နီးပါးမီးေလာင္မႈျဖစ္ပြားခဲ့တာျဖစ္ၿပီး ညေန ပိုင္း ၃ နာရီေလာက္မွာေတာ့ မီးၿငိမ္းခဲ့တာပါ။

မီးေလာင္တဲ့အခ်ိန္မွာေတာ့ တိုက္ခန္းအတြင္းမွာ ညီအကို ႏွစ္ဦး ရိွေနတာျဖစ္ၿပီး တစ္ဦးကို ကယ္ထုတ္ႏိုင္ခဲ့ၿပီး တစ္ဦးကေတာ့ မီးခိုးေငြ႕ မႊန္ၿပီးအသက္ရႈၾကပ္ကာေသဆုံးသြားတာလို႕ကနဦး သိထားရပါတယ္။

ေသဆုံးသူ ရဲ႕ရုပ္အေလာင္းကိုေတာ့ ရန္ကုန္ေဆးရုံႀကီးကို ပို႕ေဆာင္ထားၿပီးဒီမီးေလာင္မႈကိုေတာ့ မီးသတ္တပ္ဖြဲ႕က Level 1 အဆင့္သတ္မွတ္ခဲ့တာပါ။

(Unicode)

၁၉ လမ်းအလယ်ဘလောက်ကတိုက်ခန်းမှာမီးလောင်မှုဖြစ်ပြီးတစ်ဦးသေဆုံး

အောက်တိုဘာ - ၁၃ ၊၂၀၁၈

ဒီကနေ့ မွန်းလွဲပိုင်းကလသာမြို့နယ် ၊ ၁၉ လမ်း အလယ်ဘလောက်က တိုက်ခန်းတစ်ခန်း မှာ မီးလောင်မှု ဖြစ်ပြီး အသက် ၇ နှစ်အရွယ် ယောကျာင်္းလေးတစ်ဦး သေဆုံးခဲ့ပါတယ်။

နှစ်ခန်းတွဲ လေးထပ်အဆောက်အအုံရဲ့အပေါ်ဆုံးထပ် မှာ နာရီဝက်နီးပါးမီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ညနေ ပိုင်း ၃ နာရီလောက်မှာတော့ မီးငြိမ်းခဲ့တာပါ။

မီးလောင်တဲ့အချိန်မှာတော့ တိုက်ခန်းအတွင်းမှာ ညီအကို နှစ်ဦး ရှိနေတာဖြစ်ပြီး တစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး တစ်ဦးကတော့ မီးခိုးငွေ့ မွှန်ပြီးအသက်ရှုကြပ်ကာသေဆုံးသွားတာလို့ကနဦး သိထားရပါတယ်။

သေဆုံးသူ ရဲ့ရုပ်အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပြီးဒီမီးလောင်မှုကိုတော့ မီးသတ်တပ်ဖွဲ့က Level 1 အဆင့်သတ်မှတ်ခဲ့တာပါ။

Recommended