ဦးခင်ညွန့်ပါဝင်မှုမှာ သတ်မှတ်ချက်နှင့် ပြည့်၍ ရွေးချယ်ခြင်းဟု စီစဉ်သူပြော

  • 6 years ago
ကန်တော့ခံစာရေးဆရာများတွင် ဦးခင်ညွန့်ပါဝင်မှုမှာ သတ်မှတ်ချက်နှင့် ပြည့်၍ ရွေးချယ်ခြင်းဟု စီစဉ်သူပြော
***************************************

မြန်မာနိုင်ငံ၊ စာရေးဆရာများအသင်းမှ ကျင်းပပြုလုပ်ခဲ့သော သက်ကြီးပူဇော်ပွဲ၏ ကန်တော့ခံပုဂ္ဂိုလ်များတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ပါဝင်နေမှုအပေါ် သတ်မှတ်ချက်နှင့် ပြည့်၍ ရွေးချယ်ခြင်းဟု စီစဉ်သူ မြန်မာနိုင်ငံ စာရေးဆရာများအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။

မြန်မာနိုင်ငံ စာဆိုတော်နေ့အထိမ်းမှတ်အဖြစ် မြန်မာနိုင်ငံစာရေးဆရာများအသင်းမှ ကြီးမှူးပြီး သက်ကြီး စာပေရှင်ကြီးများကို ကန်တော့သည့် အခမ်းနားကို ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ဒီဇင်ဘာ ၂၉ရက်နေ့က ကျင်းပပြုလုပ်ရာတွင် ကန်တော့ခံမည့်ပုဂ္ဂိုလ်များတွင် ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ပါဝင်လာခဲ့ခြင်း ဖြစ်သည်။

ရိုက်ကူး၊တည်းဖြတ်-ကျော့ကေခိုင်

Recommended