ရှစ်လေးလုံး ၃၁ နှစ် ပြည့် မန္တလေးတွင် ပြုလုပ်

  • 5 years ago
ရှစ်လေးလုံး ၃၁ နှစ် ပြည့် မန္တလေးတွင် ပြုလုပ်
*********************
ရှစ်လေးလုံး လူထုဒီမိုကရေစီ အရေးတော်ပုံ ၃၁ နှစ် ပြည့် အထိမ်းအမှတ်အခမ်းအနားကို သြဂုတ် ၈ ရက်၊နံနက် ၉ နာရီက မန္တလေးမြို့၊ဘုရားကြီးအလယ်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးမှာ ကျဆုံးသွားတဲ့ ရဟန်း၊ရှင်လူအာဇာနည်အပေါင်းကို ရည်စူး၍ ရေစက်ချ အမျှဝေ ပြုလုပ်ခြင်း၊ ပင့်သံဃာ အပါး ၂၀ ကို လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနဲ့ ဆွမ်းဆက်ကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာကြတဲ့ ဆရာတော်၊သံဃာတော်များနဲ့ လူပုဂ္ဂိုလ်တို့က အောက်မေ့ဖွယ် အမှတ်တရစကားများ မိန့်ကြားပြောဆိုခဲ့ကြပါတယ်။

(ရိုက်ကူး၊ကိုကိုအောင်၊မဇ္ဈိမ)

Recommended