"မူးယစ်ဆေးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး"ကမ်ပိန်း ပြုလုပ်

  • 5 years ago
"မူးယစ်ဆေးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး"ကမ်ပိန်း ပြုလုပ်
*****************************
မူးယစ်ဆေးသုံးစွဲမှု အန္တရာယ်အကြောင်း အသိပညာပေးမည့် "မူးယစ်ဆေးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး" ကမ်ပိန်း ၂၀၁၉ ကိုမန္တလေးခရိုင်(၅)မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်း(၂၅)ကျောင်းမှ အသက် (၁၀)နှစ်မှ (၁၅)နှစ်ကြား ကလေးများကို ဆွေးနွေးဟောပြောမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကမ်ပိန်းကို မန္တလေးတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ(၁၃၀)ဦးမှ ပူးပေါင်း၍ တစ်ရက်လျှင် စာသင်ကျောင်း (၅)ကျောင်းနှုန်းဖြင့် ဇွန်လ(၂၄)ရက်မှ ဇွန်လ(၂၈)ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

Recommended