• 4 years ago
ကမ္ဘာတဝှမ်းလုံးရှိစာကြည့်တိုက်များနှင့်မော်ကွန်းတိုက်များသည် နှစ်ပေါင်းရာချီကြာပြီဖြစ်သော လူသားတို့၏ ဘုံယဥ်ကျေးမှုအမွေအနှစ်ကို ကိုယ်စားပြုထားသည့် စာအုပ်များ၊ စာရွက်စာတမ်းများ၊ ဓါတ်ပုံများနှင့် အသံသွင်းထားသည့် ဖိုင်များ ပါ၀င်ပါသည်။ သက်ဆိုင်ရာကျွမ်းကျင်သူများကိုယ်တိုင် သေချာစွာ ထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်နေပါသော်လည်း ထိုအရာများစွာသည် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာပါသည်။ ထို့ကြောင့် မော်ကွန်းတိုက်မှူးများတို့သည် သူတို့စုဆောင်းထားသော အရာများကို မပြောင်းလဲစေရန်နှင့် အင်တာနက်မှ တဆင့် အသုံးပြုသူများကို လက်လှမ်းမှီေစရန် ဒီဂျစ်တယ်နည်းပညာဖြင့် သိမ်းဆည်းကာ အနာဂါတ်မျိုးဆက်များအတွက် ကြိုးစားနေကြခြင်းဖြစ်ပါသည်။ သို့သော်လည်း ဒီဂျစ်တယ်မိတ္တူများကို သိမ်းဆည်းထားရန်လိုအပ်ပြီး ထိုသို့ပြုလုပ်ရန်မှာလည်း ထင်သလောက်မလွယ်ကူပါ။
စာသားများ၊ ရုပ်ပုံများနှင့် အသံဖိုင်များကို ဖတ်ရန်နှင့် အနက်ပြန်ဆိုရန်အတွက် ကွန်ပျူတာအသုံးချ ပရိုဂရမ်များကဲ့သို့ အသံဖမ်းစက်နှင့် တိတ်ခွေဖွင့်စက်များသည်လည်း သက်တမ်းတဖြည်းဖြည်း ကုန်လာပြီဖြစ်ပါသည်။ သိုလှောင်သိမ်းဆည်းမှုနည်းပညာသည်လည်း လွန်ခဲ့သော အနှစ် (၅၀)အတွင်း အလွန် အရှိန်ကောင်းစွာတိုးတက်လာပါသည်။

၁၉၆၀ ပြည့်လွန်နှစ်များက ယခင်ကွန်ပျူတာများနှင့် သုံးသော စက်ဖောက်ကတ်ပြားများသည် အလွန်ခေတ်မှီသည်။ ယခုအခါ ထိုကဲ့သို့သော ကတ်ပြားများစွာမှ အချက်အလက်များကို လွန်စွာသေးငယ်သော ကွန်ပျူတာဓါတ်ပြားများထဲ ထည့်သွင်းသိမ်းထားနိုင်သည်ကိုကြည့်ခြင်းဖြင့် အရွယ်အစားသေးစေကာမူ များပြားစွာသော အချက်အလက်များကို သိမ်းဆည်းနိုင်သော နည်းပညာသည် မကြာမှီ နှစ်များအတွင်း ရပ်တန့်ဖို့ရန် အလားအလာမရှိကြောင်းမြင်တွေ့နိုင်ပါသည်။ ယနေ့တီထွင်ဆန်းသစ်ထားသော ပရိုဂရမ်များနှင့် ကွန်ပျူတာစက်ပိုင်းဆိုင်ရာပစ္စည်းများ၏ သက်တမ်းသည် တိုတောင်းလှပါသည်။ ထိုအချက်အလက်များကို ဆယ်စုနှစ်၊ ရာစုနှစ်များစွာတိုင်အောင် ထိန်းသိမ်းထားနိုင်သည့် အကြောင်းဆုံးနည်းလမ်းသည် မည်သို့သော နည်းလမ်းဖြစ်မည်နည်း။ ထို့အပြင် ကျွန်ုပ်တို့ ပြုလုပ်သည့် မှတ်တမ်းမှတ်ရာများအားလုံးသည် ရေရှည် မှတ်တမ်းတင်ရန်အတွက် အမှန်ပင်ထိုက်တန်ပါသလား။

Category

📚
Learning

Recommended