• 4 years ago
ပါရာဆဲလ်စပ် (Paracelsus)သည် ‘’အဆိပ်ဖြစ်စေသော ဆေးပမာဏ’’ကို ၁၆ရာစုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုနည်းဥပဒေသသည် ယနေ့ခေတ် သဘာဝအဆိပ်အတောက်အတွက် မှန်ကန်နေသည်။ သဘာ၀သည် အများဆုံးအဆိပ်ထုတ်လုပ်သည့်နေရာဖြစ်သည်။ သိပ္ပံပညာရှင်များသည် အသစ်သောအရာများကို အလွန်စိတ်လှုပ်ရှားစွာရှာဖွေကြသည်။ ဘရာဇီးနိုင်ငံ မိုးသစ်တောတွင် အထူးသဖြင့် အနာဂတ်အတွက် အကြီးမားဆုံး ဆေးရေအိုင် သည် ဖုံးကွယ် တည်ရှိနေသည်။ ဆေးဝါးလုပ်ငန်းသည် အသစ်သောကုသမှု အရင်းအမြစ်ဖြစ်သော ကုန်းနေရေနေသတ္တဝါများအပေါ်တွင် လုံးလုံးပုံ၍အားကိုးနေသည်။ ဘရာဇီးတောမှ သေးငယ်ပြီးအစိမ်းရောင်ရှိသော ဖားအကြောင်းကို ကျွန်ုပ်တို့ ပြောပြပါမည်။ ကမ်ဘိုဖားသည် ဘရာဇီးနိုင်ငံ အနောက်မြောက်အရပ်ရှိ ကတူကီနာ အင်ဒီယန်း ဘဝများတွင် နှစ်ထောင်ပေါင်းများစွာ အဓိကအခန်းကဏ္ဍန်မှ ပါဝင်သည်။ သူတို့သည် ဖားမှရရှိသော အဆိပ်ဖြင့် သူတို့ကိုယ်သူတို့ ကာကွယ်ဆေးအဖြစ် ရောဂါကုသရန်နှင့် ဘာသာရေးရိုးရာဓလေ့အတွက် ဆေးထိုးသည်။ ဒါကလည်း ညင်သာတဲ့လုပ်ထုံးလုပ်နည်းတော့မဟုတ်ပါပေ။ သူတို့က ဖားကို အရင်ဆုံးချည်လိုက်ရသည်။ ပြီးတော့ ၎င်းဖား၏အဆိပ်ကိုထုတ်လိုက်ပြီး အနာပေါ်လိမ်း လိုက်သည်။ လူနာသည် အဆိပ်ကို ချက်ချင်းပင် တုံ့ပြန်သည်။ အကယ်၍ ပြင်းထန်သော ဘေးထွက်ဆိုးကျိုးကို လျော့နည်းစေခြင်းနှင့် အဆိပ်တစ်ခုချင်းစီတိုင်းကို ဓာတ်ခွဲခန်းတွင် လူကဖန်တီးထုတ်လုပ်နိုင်မည်ဆိုလျှင် ထိုအဆိပ်သည် ဆေးဝါးလုပ်ငန်းအတွက် ရောင်းအားအမြင့်ဆုံးအကောင်းဖြစ်လာနိုင်ပေသည်။

https://memr.moe.edu.mm/video/poison-its-all-in-the-dose/

Category

📚
Learning

Recommended