ရင်၊ရန် - တရုတ်ရိုးရာဆေးကုသခြင်းအနုပညာ

  • 4 years ago
တရုတ်လူမျိုးတို့၏ ကုသရေးနည်းစနစ်များစွာတို့ထဲမှာ အပ်စိုက်ကုသခြင်း၊ နှိပ်နယ်ကုသခြင်းနဲ့ ဆေးဘက်၀င်အပင်များကိုအသုံးချကုသခြင်းတို့ဖြစ်ပြီး ယခုဆိုလျှင် ထိုကဲ့သို့ ကုသနည်းများကို အသုံးပြုခဲ့သည်မှာ နှစ်ပေါင်းလေးထောင်ကျော်ခဲ့ပြီဖြစ်ပါသည်။ အပ်စိုက်ကုသသည့်အခါ အပ်ချောင်းလေးများကို အရေပြားထဲထိုးသွင်းပြီး အကြောများကို နှိုးဆွပေးပါသည်။ ထိုသို့အားဖြင့် ကိုယ်ခန္ဓာအတွင်းရှိ စွမ်းအင်လည်ပတ်မှုကို ကွန်ပျူတာအတွင်း လျှပ်စစ်စီးပုံနှင့် ခိုင်းနှိုင်းထားပါသည်။ ဆေးဘက်၀င် ပရဆေးပင်များကို လူနာတစ်ဦးချင်းဆီတိုင်းအတွက် လိုအပ်သလို ရောစပ်ပေးကာ သောက်သုံးစေပါတယ်။ ထိုကဲ့သို့ သောက်သုံးခြင်းအားဖြင့်လည်း ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကိုမျှတစေပါသည်။ အပ်စိုက်ကုသခြင်းဆိုသည်တွင် အပ်စိုက်ထားသောနေရာများကို အပူပေးပါသည်။ ထိုကဲ့သို့ကုသရာတွင် နာနေသောနေရာ သို့မဟုတ် အပ်စိုက်ထားသောနေရာများကို အရေပြားနှင့် တိုက်ရိုက်ထိတွေ့စေခြင်းမဖြစ်စေဘဲ ဆေးဘက်၀င် ပရဆေးပင်များကို လောင်ကျွမ်းစေပါသည်။ ထိုသို့ပြုလုပ်ခြင်းအားဖြင့် တစ်ရှူးများသို့ သွေးဖြန့်၀ေမှုကိုပံ့ပိုးပေးရုံမက ဇီ၀တွင်းဖြစ်ပျက်မှုကို လှုံဆော်ပေးပါသည်။ တရုတ်လူမျိုးများသည် အစားအစာကို ဆေး၀ါးသဖွယ်သတ်မှတ်ကြသည်။ အစားအစာဟူသမျှမှာ ရင် သို့မဟုတ် ရန် ဖြစ်သည်။ တစ်နည်းဆိုရသော် အစားအစာများသည် အပူဓါတ် သို့မဟုတ် အအေးဓါတ်ကို ပေးစွမ်းပါသည်။ လူ့ကိုယ်ခန္ဓာတွင်း အပူအအေးဟန်ချက်ညီမျှမှုပျက်ပြားသည့်အခါ ကျွန်တော်တို့သည် နေမကောင်းဖြစ်ကြပါသည်။ ထိုအချိန်တွင် ကျွန်တော်တို့ အစားအစာစားသုံးသည့် ပုံစံကို ပြောင်းလဲဖို့လိုအပ်ပါသည်။ တရုန်နိုင်ငံတွင် အလေ့အထတစ်ခုကတော့ ကိုယ်အလေးချိန်ကျစေရန် ပူအာ့လို့ အမည်ခေါ်တွင်တဲ့ လက်ဖက်ရည်ကို သောက်သုံးကြပါသည်။ ပူအာ့လက်ဖက်ပင်စည်မျိုးသည် လက်ဖက်စိမ်း သို့မဟုတ် လက်ဖက်ရည်အမဲနှင့် မခြားနားပါ။ လက်ဖက်ရွက် အဆင့်အဆင့်ဖြစ်ပေါ်ပုံသည်သာ ကွဲပြားခြားနားမှုဖြစ်ပါသည်။ သို့သော်လည်း ထိုလက်ဖက်ရည်ကို သောက်သုံးခြင်းသည် ကိုယ်အလေးချိန်ကျစေသည်ဆိုသောအချက်မှာ ငြင်းခုံစရာအချက်တစ်ခုဖြစ်နေသေးသည်။ တရုတ်ဆေးပညာဇစ်မြစ်ကို ရှာဖွေသည့်ဖြစ်စဥ်အားဖြင့် ရုပ်ရှင်ကြည့်ရှုသူများကို တရုတ်ပြည်၏တောင်ပိုင်းဒေသများ သို့ ခေါ်ဆောင်သွားမည်ဖြစ်ပါသည်။

https://memr.moe.edu.mm/video/yin-and-yang-the-chinese-art-of-healing/

Category

📚
Learning

Recommended