မမြင်နိုင်သော်လည်း အကျိုးသက်ရောက်မှု မြင့်မားခြင်း - ကျွန်ုပ်တို့၏ အတွေးများ

  • 4 years ago
တစ်နေ့နေ့တွင် တွေးခေါ်မှု စွမ်းအားကိုအသုံးပြုယုံဖြင့် ဖန်သားပြင်ပေါ်တွင် စာရေးနိုင်ခြင်း သို့မဟုတ် မြို့၏ လမ်းများပေါ်တွင် ကား၏လက်ကိုင်ဘီးကို မကိုင်တွယ်ဘဲ ယာဉ်ကို မောင်းနှင်ခြင်းများ ပြုလုပ်နိုင်မည်လား။ နီးစပ်မှုရှိသည့် သက်ဆိုင်ရာနယ်ပယ်များတွင် အောင်မြင်စွာဆောင်ရွက်နိုင်မှုများ ရှိခဲ့ပြီးဖြစ်သည်။ ဥပမာ - ဖန်တီး ပြုလုပ်ထားသော လက်များနှင့် ခြေထောက်များအား တွေးခေါ်မှုစွမ်းအားကို အသုံးပြုယုံဖြင့် ရွှေ့လျားနိုင်ပြီ ဖြစ်ပြီး ကိုယ်အင်္ဂါချို့တဲ့သူများအတွက် ဘဝသစ်အလားအလာများအား ဖွင့်လှစ်ပေးခဲ့သည်။ သို့ရာတွင် အတွေးသည် မည်သည့်အရာ ဖြစ်သနည်း။ ၎င်းတို့မှာ ကျွနု်ပ်တို့ ဦးနှောက်အတွင်းရှိ တိုင်းတာနိုင်သော လျှပ်စစ်စီးဆင်းမှုများပင် မဟုတ်ပါလော။ ၎င်းတို့သည် မည်သည့်နေရာတွင် ဖြစ်ပေါ်တည်ရှိသနည်း။ သိပ္ပံပညာရှင်အများစုမှာ အတွေးနှင့် နီးကပ်စွာ ချိတ်ဆက်မှုရှိနေသည်ဟုဆိုသည့် သိစိတ်ကဲ့သို့ပင် အတွေးများသည် ဦးနှောက်အတွင်း၌ ဖြစ်ပေါ် တည်ရှိနေသည့် အမြင်ရှိသည်။ အချို့သော သုတေသီများမှာမူ အဆိုပါ ယူဆချက်ကို မေးခွန်းထုတ်လျက်ရှိသည်။ သေခြင်းနှင့်အနီးဆုံးဖြစ်ခဲ့သည့် အဖြစ်အပျက်များအား လေ့လာမှုများ၏ ရလဒ်များအရ လူတို့၏ ဦးနှောက်များတွင် တိုင်းတာနိုင်သော လုပ်ဆောင်ချက်မရှိတော့သော်လည်း ရှင်းလင်းသော အတွေးများ၊ ခံစားချက်များနှင့် မှတ်ဉာဏ် များပါရှိသည့် သိရှိမှုပုံစံကို တွေ့ကြုံခံစားနေရဆဲဖြစ်ကြောင်းကို ၎င်းတို့မှ ညွှန်ပြခဲ့သည်။ ကျွနု်ပ်တို့၏ အတွေးများမှာ ဦးနှောက်၏ ပြင်ပတွင်လည်း တစ်နည်းနည်းဖြင့် ဖြစ်ပေါ်တည်ရှိလျက် ရှိနိုင်ပါသလား။ အဆိုပါ မေးခွန်းနှင့် ပတ်သက်၍ သိပ္ပံပညာမှ တိကျသောအဖြေကို ဘယ်သောအခါမှ ဖော်ထုတ်နိုင်မှုမရှိခြင်းလည်း ဖြစ်နိုင်သည်။
သေချာသည့် အချက်မှာ ကျွနု်ပ်တို့အတွေးများသည် မိမိတို့ပတ်ဝန်းကျင်ကို သက်ရောက်မှုရှိသကဲ့သို့ ပတ်ဝန်းကျင် မှလည်း ကျွနု်ပ်တို့အတွေးများကို လွှမ်းမိုးမှု ပြုလုပ်နိုင်ဖြင်း ဖြစ်သည်။

https://memr.moe.edu.mm/video/our-thoughts/

Category

📚
Learning

Recommended