ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်များကို ခြေရာခံခြင်း

  • 4 years ago
ကြော်ငြာကုမ္မဏီများသည် စားသုံးသူများ၏ အပြုအမူများအပေါ် အပြုသဘောဆောင်သည့် လွှမ်းမိုးမှုများ ပြုလုပ်နိုင်မည့် နည်းအသစ်များကို ဆယ်စုနှစ်များစွာကြာ ရှာဖွေလျက်ရှိသည်။ အဆိုပါ အိမ်မက်များကို အကောင်အထည် ဖော်ရန်အတွက် နိုင်ငံတကာ ကုမ္မဏီများနှင့် ၎င်းတို့၏ ကြော်ငြာဆိုင်ရာ နည်းဗျူဟာ ကျွမ်းကျင်သူများသည် စိတ်ပညာရှင်များ၊ ဇီဝဗေဒပညာရှင်များ၊ ဓာတုဗေဒပညာရှင်များနှင့် ဦးနှောက်ပိုင်း ဆိုင်ရာ သုတေသီများနှင့်အတူ အနီးကပ်လုပ်ဆောင်လျက်ရှိသည်။ ဦးနှောက်ဆိုင်ရာ သုတေသနများ၏ တွေ့ရှိချက်များကို အသုံးပြု၍ ၎င်းတို့၏ ကုန်ပစ္စည်းအမှတ်တံဆိပ်များအား စားသုံးသူများ၏ စိတ်အတွင်း လိုလားမှု ရှိလာအောင် ဆောင်ရွက်လိုကြသည်။ ၎င်းတို့သည် အလွန် ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း လွန်ခဲ့သော နှစ် ၅၀ ခန့်က အခြေအနေအတိုင်းပင် ၎င်းတို့ ရည်မှန်းချက်မှာ နီးစပ်မှု မရှိကြသေးကြောင်း တွေ့ရသည်။ ဦးနှောက်နှင့်ပတ်သက်သည့် လျှို့ဝှက်ချက်အားလုံးကို တစ်နေ့တွင် ဖော်ထုတ်နိုင်ခဲ့လျှင်ပင် အဆိုပါ ရည်မှန်းချက်အား ရရှိနိုင်မည်မဟုတ်ဟု အချို့သော အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်များက ထင်မြင်ကြသည်။ ဇီဝဗေဒပညာရင် ဂါ့ဒ် ဟွဒ် (Gerd Roth) က “ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို နားလည်ခြင်းနဲ့ လွှမ်းမိုးနိုင်ခြင်းတို့ဟာ မတူညီကြပါဘူး။” ဟု ဆိုခဲ့ပါသည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ဆေးဖက်ဆိုင်ရာ သိပ္ပံပညာရှင် ဘန် ဗေဘာ (Bernd Weber) မှ အနာဂတ်တွင်လည်း စားသုံးသူများ ဆုံးဖြတ်ချက်ချမှုကို ၎င်းတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ လွှမ်းမိုးမှု ပြုလုပ်နိုင်ရန် ဖြစ်နိုင်ချေမရှိဟု ယုံကြည် ထားသည်။

https://memr.moe.edu.mm/video/neuromarketing/

Category

📚
Learning

Recommended