တိုက်ပွဲတွေကြောင့် မြန်မာပြည်သူ ၃၀၀၀ လောက် တရုတ်ဘက်ကို ထွက်ပြေးတိမ်းရှောင်

  • 7 years ago
ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့နောက် မြန်မာနိုင်ငံသား ၃၀၀၀ လောက် တရုတ်ဘက်ကို စစ်ဘေးရှောင် ခိုလှုံလာကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ နိုဝင်ဘာ ၂၂ ရက် ထုတ်ပြန်ချက်မှာ ပဋိပက္ခ နယ်မြေတွေကနေနယ်စပ်ကို ဖြတ်ကျော်ပြီး တရုတ်ဘက်ကို ဝင်ရောက်လာတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် တပ်ဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲပါ။ လတ်တလောမှာ တိုက်ပွဲတွေကနေ လမ်းကြောင်းပြောင်းလာတဲ့ လက်နက်ကြီး ကျည်ဆန်တွေကလည်း တရုတ်ဘက်က ဝမ်ဒင်းကို ကျရောက်ပြီး အသေးစား ထိခိုက်ပျက်စီးမှုတချို့ ဖြစ်ပေါ်ခဲ့တယ်လို့ တရုတ် မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Recommended