ရန်ကုန်မြို့ခံတွေလက်ထဲ ရန်ကုန်မြို့တော်ကြီး ပြန်ရောက်ပါပြီလို့ ပြောတဲ့ ဦးဖြိုးမင်းသိန်း

  • 7 years ago
မွန်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ ပြည်သူတွေရဲ့ စိတ်အပန်းဖြေရာ နေရာတွေကို ပြန်ဖော်ဆောင်ပေးမယ့် အစီအစဉ်တစ်ခုအဖြစ် မင်္ဂလာပါပွဲတော်ကြီးကို ဒီဇင်ဘာ ၂ ရက်မှာ ကျင်းပသွားတော့မှာပါ။ ဒီပွဲတော်ကနေ ပြည်သူလူထုကို အဓိက အသိပေး လိုတာက ရန်ကုန်နေ ပြည်သူတွေရဲ့လက်ထဲကို ရန်ကုန်မြို့တော်ကြီး ပြန်ရောက်ပြီဆိုတာပါလို့ရန်ကုန်တိုင်း ဒေသကြီး
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။ ပွဲတော်မှာ ရုပ်သေးရုပ်ကြီးနှစ်ရုပ်နဲ့အတူ ၀ါးတန်းဆိပ်ကမ်း၊
မဟာဗန္ဓုလပန်းခြံ၊ပြည်သူ့ရင်ပြင်နဲ့ ဒလမြို့နယ်တွေမှာ ပြင်သစ်နဲ့မြန်မာ အနုပညာရှင်တွေက ဆပ်ကပ်၊ ဂီတနဲ့အကဖျော်ဖြေမှု၊ ဂရက်ဖစ်တီရေးဆွဲတာတွေ၊ မီးရှုးမီးပန်းဖောက်တာတွေအစရှိတဲ့ ပျော်ပွဲရွှင်ပွဲတွေကို လုပ်ဆောင်သွားမှာပါ။

ရုပ်သံသတင်းထောက်- လွင်သဲငယ်ဦး

Recommended