သီချင်းတွေနဲ့သာ အသက်ဆက်ချင်သူ မိစန္ဒီ

  • 7 years ago
Rapper မင်းသမီးအဖြစ် အများကတင်စားကြတဲ့ တေးသံရှင်မိစန္ဒီကတော့ သီချင်းတွေနဲ့သာ အသက်ဆက်ရှင်ချင်တယ်လို့ ဆိုထားပါတယ်။

ဂီတနဲ့ပတ်သက်လာရင် Underground ကစပြီး လေ့လာခဲ့ရသလို လက်ရှိအချိန်မှာတော့ ပရိသတ်တွေကြား နာမည်တစ်ခုနဲ့ ရပ်တည်နေနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

ဂီတသက်တမ်းကိုးနှစ်တာ ကာလအတွင်းမှာ အောင်မြင်မှုတွေရရှိနေတဲ့ မိစန္ဒီတစ်ယောက် ပရိသတ်တွေရှေ့မရောက်ခင်မှာ ဘယ်လိုအခက်အခဲတွေဖြစ်ကျော်ခဲ့ရလဲ၊ သီချင်းတွေနဲ့ ပတ်သက်ပြီး မိစန္ဒီရဲ့ ရူးသွပ်မှုတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ 7Day TV ရဲ့ အနုပညာရှင် ကောက်ကြောင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News

Recommended