၆ လအတွင်း ဘတ်ဂျက်သုံးစွဲနိုင်မှု ၃၃ ရာနှုန်းသာရှိနေသေး

  • 7 years ago
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်နိုင်မှုကို အစီရင်ခံရာမှာ ၆ လတာ ကာလအတွင်းမှာ ၃၃ ရာနှုန်းသာ အသုံးပြုနိုင်သေးတယ်လို့ ပြည်သူ့ငွေစာရင်း ပူးတွဲကော်မတီ ဒုဥက္ကဌ ၂ က 7 Day TV ကို ပြောပါတယ်။ ရသုံးမှန်းခြေငွေစာရင်း အကောင်အထည်ဖော်မှု အစီရင်ခံစာကို နိုဝင်ဘာလ ၃၀ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ် ။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ရဲ့ သုံးငွေခွင့်ပြုချက်မှာ နှစ်သောင်းတစ်ထောင်တစ်ရာ ခုနှစ်ဆယ့်ရှစ် ဘီလီယံ အသုံးပြုခွင့် ပေးထားပြီး ပြီးခဲ့တဲ့ ၆ လကာလမှာ ခြောက်ထောင့်ကိုးရာ ဆယ့်လေး ဘီလီယံသာ အသုံးပြုနိုင်သေးတာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်- စိုးရ

Category

🗞
News

Recommended