ဒီထိုးကြမယ်

  • 7 years ago
ဒီတစ်ပတ် Let’s Play အဖွဲ့သားတွေ ကစားပြထားတဲ့ ကစားနည်းလေးကတော့ ဒီထိုးတမ်း ကစားနည်း လေးဖြစ်ပါတယ်။ အဖွဲ့နှစ်ဖွဲ့ခွဲကစားရတာဖြစ်ပြီး ဒီကစားနည်းက ကျား၊မ မရွေး အရည်အတွက်အကန့် အသတ်မရှိ ကစားနိုင်တဲ့ ကစားနည်းလေး ဖြစ်ပါတယ်။ “ဒီ ….” ဆို သံရှည်အော်ပြီး တိုင်တစ်တိုင်ကနေ နောက်တစ်တိုင်ကို ကူးရတာဖြစ်ပြီး ဖမ်းရတဲ့အဖွဲ့ နှုတ်ခမ်းနှစ်ခုကို ဖိလိုက်ဟလိုက်လုပ်တဲ့ “ပတ်” ဆိုတဲ့ အသံကို သံရှည်ဆွဲလုပ်ပြီး နောက်ကလိုက်ရတာဖြစ်ပါတယ်။

မိုးရွာထဲမှာ အဖွဲ့သားကလေးတွေက ပျော်ပျော်ရွှင်ရွှင်ကစားထားတာဖြစ်လို့ လိုက်ပါကစားကြည့်ကြဖို့ ဖိတ် ခေါ်လိုက်ရပါတယ်။

7Day TV က နေအပတ်စဉ် စနေနေ့ မွန်းလွဲ ၂ နာရီအချိန်တိုင်းမှာ ကစားကြစို့ Let’sPlayအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကမြန်မာ့ရိုးရာကစားနည်းလေးတွေကို ပုံဖော်တင်ဆက်တာဖြစ်ပြီးနောက်မျိုးဆက်သစ်ကလးငယ်တွေ ကစားနည်းတွေသိရှိပြီးကစားနိုင်ဖို့ ရည်ရွယ်တင်ဆက်တာဖြစ်ပါတယ်။

ကစားနည်းတွေဟာနေရာဒေသအလိုက် အခေါ်အဝေါ်ဆော့ကစားပုံချင်း အနည်းငယ်ကွဲပြားမှုတွေရှိတာကြောင့် အသုံးများတဲ့ အခေါ်အဝေါ်နဲ့ ကစားနည်းပုံစံတွေကို စုစည်းတင်ဆက်ထားတာဖြစ်ပါတယ်။

Category

🗞
News

Recommended