နည်းပြသစ်လက်ထက်မှာ မြန်မာအသင်း တရုတ်ကို နိုင်မလားမေ - ၂၆ ၊၂၀၁၈ နည်းပြချုပ်အသစ်လက်ထက်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ တရုတ်လက်ရွေးစင်အသင်းနဲ့ ဒီကနေ့ ညနေပ
  • 6 years ago
နည်းပြသစ်လက်ထက်မှာ မြန်မာအသင်း တရုတ်ကို နိုင်မလား
မေ - ၂၆ ၊၂၀၁၈
(Unicode)
နည်းပြသစ်လက်ထက်မှာ မြန်မာအသင်း တရုတ်ကို နိုင်မလား
မေ - ၂၆ ၊၂၀၁၈
နည်းပြချုပ်အသစ်လက်ထက်မှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ တရုတ်လက်ရွေးစင်အသင်းနဲ့ ဒီကနေ့ ညနေပိုင်း မှာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားတော့မှာပါ။
ဒီခြေစမ်းပွဲဟာ နည်းချုပ်ပြချုပ်အသစ်လက်ထက်မှာ ပထမဆုံးပြည်ပ အသင်းနဲ့ ခြေစမ်းပွဲစဉ်လည်းဖြစ်ပါတယ်။
ခြေစမ်းပွဲယှဉ်ပြိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင်အသင်းဟာ တရုတ်နိုင်ငံကိုရောက်ရှိနေပါပြီ။
အောင်မြင်မှုတွေနဲ့အလှမ်းဝေးကွာနေတဲ့ မြန်မာအသင်းအတွက် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးကို နည်းပြချုပ်အသစ်အဖြစ် ပြီးခဲ့တဲ့ရက်ပိုင်းက ခန့်အပ်ထားတာပါ။
အန်တွမ်နီဟေးကတော့ မြန်မာအသင်းအတွက်ရလဒ်ကောင်းတွေကို ဆောင်ကြဉ်းပေးမယ်လို့ ဆိုထားပါတယ်။
မြန်မာအသင်းနဲ့ တရုတ်အသင်းတို့ဟာ ပြိုင်ပွဲတစ်လျှောက် ကိုးကြိမ်တွေ့ဆုံထားဖူးပြီး မြန်မာအသင်းက နှစ်ကြိမ် နိုင်ကာ ခုနှစ်ကြိမ် ရှုံးနိမ့်ထားတာပါ။
#ဘောလုံး #တရုတ် #ခြေစမ်းပွဲ #အန်တွမ်နီဟေး #7DAY TV #Local News
(7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)
Recommended