ဖခင်ရဲ့ အရိုးပြာတွေကို ကြဲဖြန့်ပေးရင်း သားဖြစ်သူပါ လေယာဉ်ပျက်ကျ သေဆုံးသြဂုတ်-၂၆၊၂၀၁၈ဖခင်ဖြစ်သူရဲ့ အရိုးပြာတွေကို ကြဲဖြန့်ပေးရင်း သားဖြစ်သူပါ လေယာဉ်ပျက်ကျ သေဆ

  • 6 years ago
ဖခင်ရဲ့ အရိုးပြာတွေကို ကြဲဖြန့်ပေးရင်း သားဖြစ်သူပါ လေယာဉ်ပျက်ကျ သေဆုံး
သြဂုတ်-၂၆၊၂၀၁၈

ဖခင်ဖြစ်သူရဲ့ အရိုးပြာတွေကို ကြဲဖြန့်ပေးရင်း သားဖြစ်သူပါ လေယာဉ်ပျက်ကျ သေဆုံးတဲ့ ဖြစ်စဉ်တစ်ခု အမေရိကန်မှာ ဖြစ်ပွားခဲ့ပါတယ်။

စစ်ဘက် လေယာဉ်မှူး တစ်ဦးဖြစ်တဲ့ အသက် ၃၄ နှစ်အရွယ် စကော့ လန်ဒစ်ဟာ ကွယ်လွန်သွားတဲ့ ဖခင်ဖြစ်သူရဲ့ နောက်ဆုံး ဆန္ဒအတိုင်း လေယာဉ်ပေါ်ကနေ အရိုးပြာတွေကို မက်ဆာချူးဆက်မှာ ကြဲဖြန့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဩဂုတ် ၂၄ ရက်က သူ့မောင်းနှင်လာတဲ့ အင်ဂျင်တစ်လုံးတပ် လေယာဉ်ငယ်လေးဟာ ကရန်လန်း လေဆိပ်နားမှာ ပျက်ကျပြီး သူကိုယ်တိုင် သေဆုံးသွားခဲ့ပါတယ်။ မိသားစု အတွက်တော့ နာရေးတစ်ခုအတွက် ပူဆွေးနေပြီး ရှေ့ဆင့်နောက်ဆင့်ပဲ နောက်ထပ် သတင်းဆိုး ကြားခဲ့ရတာပါ။ လေယာဉ်ပေါ်မှာ စကော့ရဲ့ညီ ပက်ထရစ် လန်ဒစ်လည်း လိုက်ပါလာပြီး အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။

အတွေ့အကြုံရင့် ရဟတ်ယာဉ်မှူး တစ်ဦးဖြစ်တဲ့ စကော့ဟာ ဆေးရုံရောက်ချိန်မှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ စကော့ဟာ ကိုဆိုဗိုမှာ တာဝန်ကျနေရာက ဖခင်ရဲ့ နာရေးကြောင့် ခွင့်နဲ့ ပြန်လာချိန်မှာ အခုလို မတော်တဆမှု ကြုံခဲ့တာလို့လည်း သိရပါတယ်။

Recommended