ေဆာင္းဦးရာသီလယ္ကို ႀကိဳဆိုတဲ့ အေနနဲ႔ ထိုင္ဝမ္မွာ မီးပံုးပ်ံေတြ စုေပါင္းလႊတ္တင္စက္တင္ဘာ - ၂၅ ၊၂၀၁၈ ေဆာင္းဦး ရာသီလယ္ ပြဲေတာ္ကို ႀကိဳဆိုတဲ့ အေနနဲ႔ ထိုင္ဝမ္မွ

  • 6 years ago
ေဆာင္းဦးရာသီလယ္ကို ႀကိဳဆိုတဲ့ အေနနဲ႔ ထိုင္ဝမ္မွာ မီးပံုးပ်ံေတြ စုေပါင္းလႊတ္တင္

စက္တင္ဘာ - ၂၅ ၊၂၀၁၈

ေဆာင္းဦး ရာသီလယ္ ပြဲေတာ္ကို ႀကိဳဆိုတဲ့ အေနနဲ႔ ထိုင္ဝမ္မွာ မီးပံုးပ်ံေတြ အမ်ားအျပားကို စုေပါင္း လႊတ္တင္ခဲ့ၾကပါတယ္။

စက္တင္ဘာ ၂၄ ရက္ ညပိုင္းက ပင္ရွီရြာေလးမွာ ေဒသခံေတြနဲ႔ ကမာၻလွည့္ ခရီးသည္ေတြ စုေပါင္းၿပီး ရာနဲ႔ခ်ီ မ်ားျပားတဲ့ မီးပံုးေတြကို လႊတ္တင္ခဲ့တာ ျဖစ္ပါတယ္။

မီးပံုးပ်ံ လႊတ္တင္ခ်ိန္မွာ လိုခ်င္တဲ့ ဆုကိုေတာင္းရင္ ျပည့္တယ္ဆိုတဲ့ ယံုၾကည္မႈမ်ိဳးလည္း ရွိေနပါတယ္။ ေတာင္ေပၚ ေက်းရြာေလးမွာ ပြဲေတာ္ကာလေရာက္ရင္ အခုလိုပဲ မီးပံုးပ်ံေတြကို ေခတ္အဆက္ဆက္ လႊတ္တင္ခဲ့ၾကပါတယ္။

ရည္ရြယ္ခ်က္ကေတာ့ ပတ္ဝန္းက်င္ ေဒသေတြမွာ ေနထုိင္သူေတြကို ေဆာင္းဦး ရာသီလယ္ ပြဲေတာ္အတြက္ ဆုမြန္ေကာင္း ေတာင္းေပးေၾကာင္း မီးပံုးပ်ံေလးေတြနဲ႔ အခ်က္ျပဖို႔ ျဖစ္ပါတယ္။

သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေရး လႈပ္ရွား ေတာင္းဆိုသူေတြက မီးပံုးပ်ံေတြေၾကာင့္ ပလပ္စတစ္ စြန္႔ပစ္မႈေတြ ျမင့္တက္လာေစေၾကာင္း ေဝဖန္ခဲ့ၾကတာေၾကာင့္ အခုႏွစ္မွာေတာ့ မီးပံုးပ်ံေတြ ျပန္က်လာခ်ိန္မွာ လိုက္လံ ရွင္းလင္းဖုိ႔ပါ တာဝန္ယူေၾကာင္း ပြဲစီစဉ္သူေတြက ေၾကညာထားပါတယ္။

Unicode

ဆောင်းဦးရာသီလယ်ကို ကြိုဆိုတဲ့ အနေနဲ့ ထိုင်ဝမ်မှာ မီးပုံးပျံတွေ စုပေါင်းလွှတ်တင်

စက်တင်ဘာ - ၂၅ ၊၂၀၁၈

ဆောင်းဦး ရာသီလယ် ပွဲတော်ကို ကြိုဆိုတဲ့ အနေနဲ့ ထိုင်ဝမ်မှာ မီးပုံးပျံတွေ အများအပြားကို စုပေါင်း လွှတ်တင်ခဲ့ကြပါတယ်။

စက်တင်ဘာ ၂၄ ရက် ညပိုင်းက ပင်ရှီရွာလေးမှာ ဒေသခံတွေနဲ့ ကမ္ဘာလှည့် ခရီးသည်တွေ စုပေါင်းပြီး ရာနဲ့ချီ များပြားတဲ့ မီးပုံးတွေကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။

မီးပုံးပျံ လွှတ်တင်ချိန်မှာ လိုချင်တဲ့ ဆုကိုတောင်းရင် ပြည့်တယ်ဆိုတဲ့ ယုံကြည်မှုမျိုးလည်း ရှိနေပါတယ်။ တောင်ပေါ် ကျေးရွာလေးမှာ ပွဲတော်ကာလရောက်ရင် အခုလိုပဲ မီးပုံးပျံတွေကို ခေတ်အဆက်ဆက် လွှတ်တင်ခဲ့ကြပါတယ်။

ရည်ရွယ်ချက်ကတော့ ပတ်ဝန်းကျင် ဒေသတွေမှာ နေထိုင်သူတွေကို ဆောင်းဦး ရာသီလယ် ပွဲတော်အတွက် ဆုမွန်ကောင်း တောင်းပေးကြောင်း မီးပုံးပျံလေးတွေနဲ့ အချက်ပြဖို့ ဖြစ်ပါတယ်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှား တောင်းဆိုသူတွေက မီးပုံးပျံတွေကြောင့် ပလပ်စတစ် စွန့်ပစ်မှုတွေ မြင့်တက်လာစေကြောင်း ဝေဖန်ခဲ့ကြတာကြောင့် အခုနှစ်မှာတော့ မီးပုံးပျံတွေ ပြန်ကျလာချိန်မှာ လိုက်လံ ရှင်းလင်းဖို့ပါ တာဝန်ယူကြောင်း ပွဲစီစဉ်သူတွေက ကြေညာထားပါတယ်။

Category

😹
Fun

Recommended