မြန်မာလိုချီးမွမ်ခြင်းဓမ္မသီချင်း ဘုရားသခင်ကိုထာဝရချစ်သွားမယ် ရင်ထဲမှ တွယ်တာခြင်း တေးသီချင်း

  • 6 years ago
ရင်ထဲမှ တွယ်တာခြင်း တေးသီချင်း


လူ့ဇာတိခံယူသောတစ်ဆူတည်းသောဘုရားသခင်ရှိ၏။

သူပြောလေသမျှ၊ လုပ်လေသမျှသည်အမှန်တရား။

သူ၏ဖြောင့်မတ်ခြင်း၊ သူ၏ဉာဏ်ပညာအား

ကျွန်ုပ်အမှန်တကယ်ချစ်မိသည်။

သူ့အားတွေ့ရန်၊ သူ့အားပိုင်ဆိုင်ရန်မှာ ကောင်းချီးစစ်စစ်ဖြစ်၏။

လူ့ဇာတိခံယူသောတစ်ဆူတည်းဘုရားသခင်ရားရှိ၏။

သူပြောလေသမျှ၊ လုပ်လေသမျှသည်အမှန်တရား။

သူ၏ဖြောင့်မတ်ခြင်း၊ သူ၏ဉာဏ်ပညာအား

ကျွန်ုပ်အမှန်တကယ်ချစ်မိသည်။

သူ့အားတွေ့ရန်၊ သူ့အားပိုင်ဆိုင်ရန်မှာ ကောင်းချီးစစ်စစ်ဖြစ်၏။

သူ့နှလုံးနှင့်သူ့အချစ်ကကျွန်ုပ်ကို လွှမ်းမိုးခဲ့သည်။

ယခုသူ့နောက်သို့လိုက်ပြီအခြားမရှာတော့ပါ။

သူ့ကိုချစ်ခြင်းအားဖြင့်ဆင်းရဲဒုက္ခကို

တောင့်ခံနိုင်၍သာယာမှုကိုခံစားရပြီ။

သူ့ကိုအဆုံးရံှုးမခံနိုင်တော့ပြီကျွနု်ပ်ချစ်သူ။


ကျွန်ုပ်နှလုံးသားကို ယခုသူသာပိုင်ပြီး ကျေနပ်တင်းတိမ်မှုရပြီ။

ရှိရှိသမျှပေးရန်သူ့အတွက်အသက်ရှင်ရန်ကျွန်ုပ်ဘဝပါ။

သူ့အားချစ်နေနိုင်ခြင်း အမှုတော်ဆောင်နိုင်ခြင်းသည်

ဂုဏ်အသရေအခွင့်ထူးပါ။

ကျွန်ုပ်၏နှလုံးသားသည်ဘယ်အရာမျှ

မတမ်းတတော့ပါကျွန်ုပ်ကျေနပ်ပြီ။

သူ့အတွေးအတိုင်းကျွန်ုပ်တွေးပြီ၊ သူ၏​ပူပင်စရာများအားကျွန်ုပ်ပူပင်ပြီ၊

သူ၏အလိုတော်ကိုထောက်ထားပြီ။

သူ၏ပျော်ရွှင်မှု၊ သူ၏ကျေနပ်မှုသည်သာ

ကျွန်ုပ်၏တစ်ခုတည်းသောဆန္ဒ။

သူ၏အိမ်တော်၌ကျွန်ုပ်သည်အစေခံဖြစ်မည်

တာ၀န်ကျေပွန်စွာထမ်းဆောင်မည်။

ဤချီးကျူး၍ဂုဏ်ပြုခြင်းအားဖြင့်သူ့အား

စောင့်လျှက်အပြုံးဖြင့်ဆီးကြိုမည်။

သူ့နှလုံးသားနှင့်သူ့အချစ်ကကျွန်ုပ်အားသိမ်းပိုက်ခဲ့ပြီ။

သူ့နောက်သို့လိုက်ပြီ၊ ရှာစရာအခြားမရှိတော့ပြီ။

သူ့ကိုချစ်ခြင်းအားဖြင့်ဆင်းရဲဒုက္ခကို

ခံစားရသော်လည်းချိုမြိန်မှုကိုခံစားရပြီ။

သူ့အားရရှိမည်၊ သူ့အတွက်သာအသက်ရှင်မည် ထာဝရချစ်ပါမည်။


သိုးသူငယ်တော်နောက်လိုက်ပြီးသီချင်းအသစ်များသီဆိုပါ မှ


အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

Category

🎵
Music

Recommended