ဧရာဝတီ ၊ နိုဝင်ဘာ ၂၀ ၊ ၂၀၁၈
လှဖိုခေါင်းကြားစခန်းဟာ မောင်တောမြို့နယ်အတွင်း လှဖိုးခေါင်ကျေးရွာအနီးမှာ တည်ရှိတာဖြစ်ပြီး လက်ရှိမှာ ပြန်လာမယ့် ဘင်္ဂါလီတွေအတွက် ၈ ခန်းတွဲ ယာယီအဆောက်အဦး ၆၂၅ လုံး ၊ အခန်းပေါင်း ၅ ထောင် ဆောက်လုပ်ထားပါတယ်။ ဒါ့အပြင် ဆေးပေးခန်း ၊ ကလေးကစားကွင်းအပါအဝင် ၊ ရေ ၊ မီးအစုံ ကဏ္ဍအားလုံးကို ပြည့်စုံအောင် ဆောင်ရွက်ထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်က ပြန်လာမယ့်သူတွေကို စောင့်ကြိုနေပါတယ်။
နိုဝင်ဘာ ၁၅ရက်နေ့ကစပြီး ဘင်္ဂါလီ ၂၀၀၀ကျော် ပြန်လည်လာရောက်ဖို့ နှစ်နိုင်ငံသဘောတူထားပေမယ့် ၀င်ရောက်လာသူမရှိသေးဘူးလို့ သိရပါတယ်။
ရိုက်ကူး - မင်းအောင်ခိုင်
တည်းဖြတ် - ဝေယံမိုးမြင့်

Category
🗞
News