ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံတွင် ကုန်စည်ပြပွဲ ပြုလုပ်

  • 5 years ago
ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနက မြန်မာနိုင်ငံတွင် ကုန်စည်ပြပွဲ ပြုလုပ်
************************
ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနနှင့် ဗီယက်နမ် စက်မှုကုန်သွယ်ရေးဦးစီးဌာနတို့မှ ပြုလုပ်သည့် ကုန်စည်ပြပွဲကို ရန်ကုန်မြို့ရှိ တပ်မတော်ခန်းမတွင် ဇူလိုင်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဗီယက်နမ်စစ်တပ်နှင့် ပတ်သက်သည့် ကုမ္ပဏီများမှ ထုတ်လုပ်သည့် လူသုံးကုန်ပစ္စည်းများကို အဓိကပြသခဲ့သည်။

အဆိုပါ ကုန်စည်ပြပွဲသည် ဗီယက်နမ်ကာကွယ်ရေးဦးစီးဌာနှမှ ပထမဦးဆုံးကျင်းပသည့် ကုန်စည်ပြပွဲဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဗီယက်နမ် နှစ်နိုင်ငံ ချစ်ကြည်ရေးကို အထူးအားဖြည့်ပေးရန် ရည်ရွယ်သည်ဟု သိရသည်။

ရိုက်ကူးတင်ဆက်- သဇင်လတ်
သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/58922

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Recommended