ကိုမင်းကိုနိုင် မင်္ဂလာဦးဆွမ်းကပ်လှူ

  • 7 years ago
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် ဒေါက်တာ သီရိလွင်တို့ဟာ ဇန်နဝါရီ ၅ ရက်မှာ မင်္ဂလာဦး ဆွမ်းကပ်လှူခဲ့ပါတယ်။ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယကျောင်းတိုက်မှာ ရွှေညဝါ ဆရာတော်၊ ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၊ မင်္ဂလာကျောင်းတိုက် ဆရာတော်၊ ရှစ်လေးလုံး ဆရာတော် (တောင်ကြီး)၊ ဓမ္မပီယကျောင်းတိုက် ဆရာတော်တွေကို မင်္ဂလာဦး ဆွမ်းကပ်လှူဒါန်းခဲ့တာပါ။ သံဃာတော်တွေကို ဆွမ်းကပ်လှူပြီးတဲ့အခါ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းရှိ ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ တောင်တန်းဒေသ နွမ်းပါးကလေးငယ်တွေကိုလည်း
နေ့လည်စာ ကျွေးမွေးလှုဒါန်းခဲ့ပါတယ်။ ကိုမင်းကိုနိုင်က အသက် ၅၄ နှစ်ရှိပြီဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲတစ်ခုသွားရင်း ဇနီးလောင်းနှင့် ဖူးစာဆုံခဲ့တာ ဖြစ်ပါတယ်။ ဒေါက်တာသီရိလွင်ဟာ သြစတြေးလျနိုင်ငံမှာ နေထိုင် အလုပ်လုပ်ကိုင်တာ ဖြစ်ပါတယ်။


ရုပ်သံသတင်းထောက်- ကျော်ထွန်းနိုင် (ION)

Category

🗞
News

Recommended