အဆိုတော်မေရွက်ဝါရဲ့သမီး တစ်ကိုယ်တော်သီချင်းခွေ ထွက်ရှိ

  • 7 years ago
အဆိုတော်မေရွက်ဝါရဲ့ သမီး မော်ဒယ်သရုပ်ဆောင် ဆန်းသစ်လရဲ့ ပထမဆုံးတစ်ကိုယ်တော် သီချင်းခွေဖြစ်တဲ့ မေမေရဲ့ အောက်ဆီဂျင် အခွေကို စက်တင်ဘာလ ၇ ရက်မှာ ဖြန့်ချီလိုက်တာဖြစ်ပါတယ်။

အဲဒီအခွေ စတင်ဖြန့်ချီတဲ့ အကြောင်း စာနယ်ဇင်းမိတ်ဆက်တဲ့ အခမ်းအနားကိုတော့ စက်တင်ဘာလ ၇ ရက်က ဗိုလ်မြတ်ထွန်း တာဝါမှာ ပြုလုပ်ခဲ့ပါတယ်။

အခွေအတွက် နှစ်နှစ်လောက်အချိန်ယူပြီး စိတ်တိုင်းကျ ပြင်ဆင်ခဲ့တာဖြစ်ကာ စုစုပေါင်း သီချင်း ၁၁ ပုဒ် ပါဝင်ထား ပါတယ်။

တေးရေးတွေအနေနဲ့ကတော့ သုခမိန်လှိုင် ၊ ကိုအောင် ၊ ညီညီသွင်၊ဆမ်နော်၊ ကလုန်း ၊ ဆလိုင်း ၊ သားကြီး ( Drive)၊ ရွှေထူး ၊ဝေကြီး ၊ ရဲသူနဲ့ ဇော်မြင့်ဦးတို့ ရေးစပ်ပေးထားကြတာပါ။

ရုပ်သံသတင်းထောက် - ဇွဲဥာဏ်

Category

🗞
News

Recommended