ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့်အခန်းအား ဝင်ရောက်ခွင့်ပြုမည်မဟုတ်**************အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး(၀န်ကြီးများရုံး)ကို

  • 6 years ago
ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရသည့်အခန်းအား ဝင်ရောက်ခွင့်ပြုမည်မဟုတ်
**************
အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် သိမ်ဖြူလမ်းရှိ အတွင်းဝန်ရုံး(၀န်ကြီးများရုံး)ကို အများပြည်သူ ကြည့်ရှုနိုင်ရန် ဝင်ရောက်ခွင့်ပေးမည်ဖြစ်သော်လည်း ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရသည့်အခန်းအား အဆောက်အဦကြံ့ခိုင်မှုအခြေအနေအရ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း အတွင်းဝန်ရုံးအဆောက်အဦ မွမ်းမံပြင်ဆင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။

“အဆောက်အဦကလည်း ၁၉ ရာစုက ဆောက်ခဲ့တာ နှစ်ပေါင်း ၁၅၀ လောက် ရှိနေတော့ အဆောက်အဦရဲ့ ကြံ့ခိုင်ရေး လာကြည့်တဲ့လူတွေ အန္တရာယ်အတွက်ရော ထည့်တွက်ပြီးတော့ အပေါ်တက်ခွင့်မပြုတော့ပါဘူး။ CCTV ကင်မရာနဲ့ အောက်မှာ ပြထားပါမယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
သတင်အပြည့်အစုံ -
ရိုက်ကူး - ဇေယျာမော်

#ပြည်တွင်းသတင်း #LocalNews #MizzimaNewsInBurmese #မဇ္ဈိမ

Category

😹
Fun

Recommended