စိတ်ညှို့ခြင်း၊ တရားထိုင်ခြင်း၊ လက်များတင်ခြင်း – သဘာ၀ကုထုံးဖြင့် ကုသခြင်း၏စွမ်းအားများ

  • 4 years ago
သမာရိုးကျ ဆေးကုသနည်းတွေဟာ အိပ်မွေ့ချခြင်း ၊ တရားထိုင်ခြင်း တွေ နဲ့ လက်တင်ဆုတောင်းခြင်း တွေကို အလေးထားစရာ ကုသမှုတွေအဖြစ် အာရုံစိုက်မှုမရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီအပြုမှုတွေဟာ ပြောင်း လဲတော့မယ့် ပုံပါပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လေ့လာမှုတွေမှာ ရိုးရာကိုအခြေခံတဲ့ဒီလို လေကျင့်မှု တွေဟာ အံ့သြစရာကောင်းတဲ့ အကျိုးရလဒ်တွေကို ဖြစ်ပေါ်စေနိုင်တယ်လို့ ပြသထားပါတယ်။ အထူးသ ဖြင့် တော့ စိတ်ပိုင်းဆိုင်ရာ မကျန်းမာသူတွေနဲ့ ကင်ဆာ ဖြစ်နေတဲ့ လူမမာ တွေအတွက်ပေါ့။ နောက်ထပ် အရာတွေက ဦးနှောက်ပိုင်း သုတေသနပညာရှင်တွဟာ သိပ္ပံနည်းကျ ဖြေရှင်းချက်တွေ ရှာဖွေမှုမှာ အောင် မြင်စွာ ရှာဖွေတွေ့ရှိပြီးပါပြီ။ ကိုယ်တွင်ပိုင်းက အင်္ဂါအစိတ်ပိုင်းလုပ်ငန်းလည်ပတ်လုပ်ဆောင်မှုတွေက စိတ်ကျန်းမာရေးသုံး ဆေအတုတွေအကျိုးသက်ရောက်မှု ထက် သာလွန်နေတာကိုပေါ့။ ခန္ဓာကိုယ် နဲ့ စိတ် ဝိညာဥ် တွေမှာ ရှိတဲ့ ဆက်သွယ်မှု က ဆေးသိပ္ပံမှာ ကြာရှည်စွာ လက်ခံယုံကြည်ထားတာတွေထက် ကို အတော်ကြီးပိုမိုရှုပ်ထွေးနေပါတယ်။ များစွာသော ခွဲစိတ်ကုသ သူများ နှင့် သမားတော်များဟာ အခုဆိုရင် ကိုယ်ထူကိုယ်ထ ကုထုံးများ၏နှိုးဆော်မှုကို ဆိုင်ရာပညာရှင်များသာနားလည်နိုင်သောအရာ နှင့် အတွေးခေါင်သော အရာတွေအဖြစ် မသတ်မှတ်တော့ပါဘူး။ ဒါပေမယ့် ဒါကို ခွဲစိတ်ကုသမှုတွေမှာ နဲ့ ဆေးပေးကုသမှုတွေမှာ အရေးပါသောအစားထိုးဆေးဝါးအဖြစ်မြင်နေရတယ်လေ။ သူတို့လူနာတွေရဲ့ ပြန်လည်သက်သာနိုင်မှုအခွင့်ရေးတွေတိုးတက်လာစေရန် နည်းလမ်းတခုအနေနဲ့ ပေါ့။

https://memr.moe.edu.mm/video/hypnosis-meditation-the-healing-powers-of-complementary-medicine/

Category

📚
Learning

Recommended