ကြောက်ရွံ့မှူကို အောင်နိုင်ခြင်း

  • 4 years ago
ကြောက်ရွံ့ခြင်းသည် ကျွန်ု်ပ်တို့ သတိမထားမိဘဲ ကျွန်ုပ်တို့ ဘဝတွင် မကြာခဏ အရေးပါသော နေရာတွင် ရှိပါသည်။ ၎င်းသည် အန္တရာယ်များကို သိစေပြီး၊ အနှေးနဲ့ အမြန် ရင်ဆိုင်နိုင်ရန် ကျွန်ုပ်တို့ကို ကူညီပေးပါသည်။ ၎င်းသည် အသက်အန္တရာယ် ပြုနိုင်သော အခြေအနေများတွင် ကြီးမားသော ခန္ဓာခွန်အားကို စည်းရုံးပေးနိုင်ပါသည်။ စမ်းသပ်မှူများ ပြုလုပ်နေစဉ်အတွင်း ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့ကို အလွန်အမင်း အာရုံစူးစိုက်စေသည်။ အခြား စိတ်ခံစားချက်များ နည်းတူ၊ ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့ ဦးနှောက်ထဲရှိ နေရာများတွင် လုပ်ငန်းဆောင်ရွက်ပြီး လျင်မြန်စွာ တုံ့ပြန်ပြီး ကျွန်ုပ်တို့ တွေးခေါ်ခြင်းကို သက်ရောက်မှူ ရှိစေပါသည်။ ကျွန်ုပ်တို့ ဦးနှောက်ထဲရှိ စိတ်ခံစားချက်များနှင့် အဆက်အသွယ်ရှိသော နေရာများသည် မှတ်ဉာဏ်များကိုလည်း သိုလှောင်နိုင်သည်။ မကြာခဏ ထိုမှတ်ဉာဏ်များသည် ရေးရေးမျှသာ ကျန်သည်။ သို့သော်ငြားလည်း ၎င်းတို့သည် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှူကို အလွန်လျင်မြန်စွာ လုပ်ဆောင်နိုင်ရန် လုံလောက်ပါသည်။ ကြောက်ရွံ့ခြင်းသည် အခြေအနေများကို ရှောင်ရှားနေမည် ဆိုလျှင် (သို့) အထိတ်တလန့် တုံ့ပြန်လျှင် ၎င်းသည် ပြဿနာ ဖြစ်လာနိုင်ပါသည်။ အမူအကျင့် ကုထုံး၊ အထူးလေ့ကျင့်ခန်းများ နှင့် သတ္တိရှိရန် လေ့ကျင့်ခြင်း အသုံးပြုခြင်းဖြင့် သိပ္ဗံပညာရှင်များသည် ထိုကြောက်ရွံ့ခြင်းများကို အောင်မြင် ကျော်လွှားနိုင်ရန် မဟာဗျုဟာများကို ရှာဖွေရန် ကြိုးစားလျက်ရှိပါသည်။

https://memr.moe.edu.mm/video/conquering-fear/

Category

📚
Learning

Recommended