အိပ်မွေ့ချခြင်း - ဦးနှောက်ထဲတွင် ဘာတွေ ဖြစ်သနည်း

  • 4 years ago
ခေတ်သစ် စိတ်ညှို့ခြင်းသည် ၁ရဝဝခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့ပါသည်။ ထိုအချိန်မှ စ၍ ၎င်းကို ပေါ့ပြက်သော ဇာတ်စင်ပွဲ၊ အောက်လမ်းပညာ တစ်ခုခု၊ (သို့) သိပ္ဗံနည်းကျ နည်းလမ်း ၏ အကောင်းဆုံး ထူးခြားဆန်းပြားသော ပုံစံ အဖြစ် အများက သတ်မှတ်ကြသည်။ သို့သော် ဦးနှောက်နှင့် အာရုံကြော ပညာရှင်များသည် ဦးနှောက်ထဲတွင် စိတ်ညှို့ခြင်း လှူပ်ရှားမှူ ဖြစ်ပေါ်ပုံ ယန္တရား ကို စတင်ပြီး သုတေသနပြုနေပါသည်။ ခေတ်သစ်ပုံရိပ် နည်းစနစ် အသုံးပြုသော လေ့လာမှူများသည် စိတ်ညှို့ခံရသော သူများသည် သူတို့ ပြည့်ဝစွာ နိုးခြင်း (သို့) အိပ်ပျော်ခြင်း အဆင့်နှင့် နှိူင်းယှဉ်လျှင် သူတို့သည် မတူညီသော သိခြင်း အဆင့်သို့ ရောက်သွားပါသည်။
စိတ်ညှို့ခြင်းသည် ဦးနှောက်နှင့် အာရုံကြော အထူးကု၊ စိတ်ပညာ အထူးကု နှင့် မေ့ဆေး ဆရာဝန် တို့အား ရုပ်ပိုင်းဆိုင်ရာ နာကျင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာများ၊ ဆေး၊ အရက် စသည် စွဲလမ်းခြင်းများ၊ နှင့် ကြောက်စိတ် လွန်ကဲခြင်းများ ကုသပေးရာတွင် ရွေးချယ်စရာ အသစ်များကို ပေးပါလိမ့်မည်။ ဥပမာ - ယေဘုယျ မေ့ဆေး အစား အိပ်မွေ့ချခြင်း နှင့်အတူ လိုအပ်သောနေရာအား ထုံဆေးပေးခြင်းဖြင့် အချို့ခွဲစိတ်ဆရာဝန်များမှ အသုံးပြုကြသည်။ ဤရွေးချယ်မှူများ၏ အဓိကအချက်မှာ လူတစ်ယောက် အိပ်မွေ့ချခံရနေစဉ်တွင် အာရုံခံစားမှူ အချက်အလက်များအား ဦးနှောက်လုပ်ဆောင်မှူသည် မတူညီစွာ လုပ်ဆောင်ပါသည်။
သို့သော် လူတိုင်းသည် အိပ်မွေ့ချခြင်းအား လက်ခံရန် မလွယ်ပါ။ US လေ့လာမှူ တစ်ခုတွင် လူနာ ၃ပုံ၁ပုံသည် အိပ်မွေ့ချ၍ မရကြောင်းကို ဦးနှောက်နှင့် အာရုံကြော အထူးကုများမှ ပြောပါသည်။ သို့သော်လည်း လူနာ ၁ဝယောက်မှ ၁ယောက်သည် အိပ်မွေ့ချခြင်းအား အပြုသဘောဆောင်စွာ တုံ့ပြန်သည်ဟု သူတို့ ပြောပါသည်။ သိရသရွေ့ အထူးသဖြင့် ဦးနှောက်၏ အစိတ်အပိုင်း ၂ခုအကြား ခိုင်မာသော ဆက်နွှယ်မှူဖြင့် ဆက်စပ်လျက် ရှိသည်။ အိပ်မွေ့ချခြင်းသည် တစ်မူထူးခြားသော ဖြစ်ရပ် အများအပြားဖြင့် သွင်ပြင်လက္ခဏာကို ဖော်ပြပြီး လူ့ဦးနှောက်၏ ရှူပ်ထွေးသော ဖွဲ့စည်းတည်ဆောက်ပုံကို များစွာကို ပြသပါသည်။

https://memr.moe.edu.mm/video/hypnosis-whats-happening-in-the-brain/

Category

📚
Learning

Recommended