• 5 years ago
သိပ္ပံပညာရှင်များ လက်ခံထားသော ကမ္ဘာရဲ့အပြင်ဘက်မှာသက်ရှိများရှိနိုင်လား ဆိုတဲ့ မေးခွန်းဟာ နှစ်ဆယ်စုနှစ်အနည်းငယ် အတွင်းမှာ ရှာတွေ့နိုင်မှာလား။ တိုးတက်လာသော နည်းပညာများဖြင့် ရှာဖွေမှုများကြောင့် သက်ရှင်များနေနိုင်သော ပတ်၀န်းကျင်အခြေအနေကို ရှာဖွေခဲ့ပါတယ်။ ၁၉၈၅ ခုနှစ်မှစ၍ Califonia SEIT တက္ကသိုလ်မှသိပ္ပံပညာရှင်များသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်၌ ရှိသော နေစကြာ၀ဠာအတွင်းရှိ သက်ရှိများအကြောင်းကိုလေ့လာမှုပြုနေဆဲဖြစ်သည်။ ထိုလေ့လာမှု၌ သက်ရှိများ၏ အခြေခံလိုအပ်ချက်များ ဖြစ်သည့် စွမ်းအင်၊ အရည်နှင့် ဒြပ်ပေါင်းများကို အခြေခံထားပါသည်။ သက်ရှိများနေနိုင်သော ဂြိုလ်များဖြစ်သည် မားစ်၊ကြာသပတေးဂြိုလ် နှင့်စနေဂြိုလ်၏ လများဖြစ်သည့် Europa နှင့် Enceladus တွင်ရေများရှိနေသည် ကိုတွေ့ရှိရပါသည်။ စင်စစ်အားဖြင့်မားစ် ဟာ နေမှစွမ်းအင်များ ရရှိပြီး Europa နှင့် Enceladus ဟာ ကိုယ်ပိုင်ပတ်လမ်းပေါ်၌ ကြာသပတေးနှင့်စနေဂြိုလ်၏ ဆွဲငင်အား မှ စွမ်းအင်များရရှိပါသည်။ ယခုပြုလုပ်ထားသော အာကာသယာဥ် စေလွှတ်သည့် လုပ်ငန်းစဥ်သည် အနာဂတ်၌ သက်ရှိများတည်ရှိနိုင်မှုကို ဖော်ပြနိုင်ပါသည်။ မားစ်၊Europa နှင့် Enceladus အပြင် သိပ္ပံပညာရှင်များသည် သက်ရှိများအတွက် စနေဂြိုလ်၏ လတစ်စင်းဖြစ်သော Titan ပေါ်ရှိ ဆန်းကြယ်သော မီသိန်းဓာတ်ငွေ့များ အကြောင်းကို ဆက်လက်ရှာဖွေနေပါသည်။

Category

📚
Learning

Recommended