လုံခြုံရေးအဆင့် အမြင့်ဆုံးထိ တိုးထားတယ်လို့ ရဲမှူးချုပ်ပြော

  • 7 years ago
မြန်မာနိုင်ငံကို အိုင်အက်စ် ပစ်မှတ်ထားလာနိုင်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က သတိပေးပြောကြားပြီးနောက်မှာတော့ လုံခြုံရေးကို အဆင့်မြှင့်ထားတယ်လို့ ရန်ကုန်တိုင်း အမှတ်(၂) လုံခြုံရေး ကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ်မြဝင်းကပြောပါတယ်။ အရေးကြီးတဲ့ အဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ လူဦးရေ ထူထပ်တဲ့နေရာတွေကိုလည်း စနစ်တကျ လုံခြုံရေး တိုးမြှင့်မယ်လို့ သိရပါတယ်။ လုံခြုံရေး တိုးမြှင့်ဖို့ အတွက် သက်ဆိုင်ရာ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်၊သန်းဌေးအောင်

Category

🗞
News

Recommended