ထိုင်းကို လူကုန်ကူးခံရတဲ့ အရေအတွက် လျော့ကျ

  • 7 years ago
ထိုင်းနိုင်ငံကို လူကုန်ကူးခံရတဲ့ အရေအတွက်ဟာ အရင်နှစ်တွေကထက်စာရင် လျော့ကျလာပါတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး သက်နောင်က ပြောပါတယ်။ အခုလို လူကုန်ကူးတဲ့ အမှုတွေ လျော့ကျလာတာဟာ လက်တလောမှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အား ဦးစီးဌာနကနေ တရားဝင် အလုပ်သမားတွေဖြစ်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေ အောင်မြင်တာကြောင့် ဖြစ်တယ်လို့ ဒုရဲမှူးကြီးက ဆိုပါတယ်။ ဒီလူကုန်ကူးခံရတာတွေမှာ အဓမ္မ ထိမ်းမြား လက်ထပ်တဲ့ အမှုက အများဆုံးဖြစ်ပြီး လူကုန်ကူးမှု (၁၃၀)ထဲမှာ တရုတ်နိုင်ငံမှာဖြစ်တဲ့ အမှုက အများဆုံးဖြစ်ပြီး ဒုတိယအနေနဲ့ ထိုင်းနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Category

🗞
News

Recommended