အမြန်လမ်း ရှစ်လောင်းပြိုင် မီးလောင်သေဆုံးမှု ယာဉ်မောင်းကို ရုံးထုတ်

  • 7 years ago
အမြန်လမ်းမှာ အံစာတုံးကား မီးလောင်းလို့ ရှစ်လောင်းပြိုင် မီးလောင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း ကိုအောင်ခန့်ကို ဒီနေ့ နေ့လည်က လှည်းကူးမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပါတယ်။ ဒီကနေ့ ရုံးချိန်းမှာ ကိုအောင်ခန့်ကို ပေါ့လျော့ခြင်းဖြင့် သေစေမှု ရာဇသတ်ကြီး ပုဒ်မ ၃၀၄ (က) နဲ့ အမှုဖွင့်ထားတဲ့အပေါ် တရားရုံးက ဒုတိယအကြိမ်မြောက် ရုံးထုတ် စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ ကားမီးလောင်မှုကြောင့် ကားအတွင်းမှာ ရှိနေတဲ့ လူကိုးဦးမှာ ရှစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ယာဉ်မောင်း ကိုအောင်ခန့် တစ်ဦးပဲ လွတ်မြောက်ခဲ့တာပါ။ လူရှစ်ဦး မီးလောင်ဆေးဆုံးသွားတာကြောင့် ဒီအမှုက လူတွေ စိတ်ဝင်စားမှု များလွန်းတဲ့ အမှုလည်းဖြစ်ပါတယ်။ အဲဒီ ကားမီးလောင်မှုနဲ့ ပတ်သက်ပြီး အင်းစိန် စီအိုင်ဒီက စုံစမ်းစစ်ဆေးနေတာပါ။

ရုပ်သံ သတင်းထောက်- အလှလေး သူဇာ

Category

🗞
News

Recommended