နေမင်းအိမ် ဆုကြေးငွေ ကျပ်သိန်းတစ်ထောင်ရပြီ

  • 7 years ago
Galaxy Star သီချင်းဆိုပြိုင်ပွဲမှာ ပထမဆုရရှိခဲ့တဲ့ နေမင်းအိမ်ကို ဆုကြေးငွေ ငွေကျပ်သိန်းတစ်ထောင် ရရှိသွားပြီဖြစ်ပါတယ်။

ဆုငွေပေးအပ်တဲ့ အခမ်းအနားကို စက်တင်ဘာ ၂၁ ရက်က ဆူးလေရှန်ဂရီလာဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ အဲဒီ့အခမ်းအနားမှာ ဆုကြေးငွေပေးအပ်ပွဲနဲ့အတူ Galaxy Star သီချင်းဆိုပြိုင်ပွဲမှာ နောက်ဆုံးဆန်ခါတင် အဆင့်အထိရောက်ရှိခဲ့တဲ့ ပါဝင်ခဲ့သူတွေကို ကိုရီးယားနိုင်ငံမှာ တစ်လကြာထပ်ပြီး Camp သွင်းပြီး သင်ကြား ပေးမယ့် အကြောင်းကိုပါ မိတ်ဆက်ခဲ့ပါတယ်။

ကိုရီးယားနိုင်ငံကို အောက်တိုဘာ ၁၂ ရက်မှာ ထွက်ခွာမှာဖြစ်ပြီး အဲဒီ့ခရီးစဉ်မှာတော့ နောက်ဆုံးအဆင့်အထိ တတ်ရောက်ခဲ့တဲ့ နေမင်းအိမ် နဲ့ Key တို့က သူတို့သဘော အလျောက် မပါဝင်ဘူးလို့ ဒီပွဲကိုစီစဉ်တဲ့ Namin Entertainment ကုမ္ပဏီ ဥက္ကဌက vဆိုပါတယ်။

Galaxy Star သီချင်းဆိုပြိုင်ပွဲရဲ့ နောက်ဆုံး ဖိုင်နယ်ပွဲကို စက်တင်ဘာ ၁ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး နေမင်းအိမ်နဲ့ Key ယှဉ်ပြိုင်ရာမှာ နေမင်းအိမ်က ပရိသတ် Voting ကြောင့် Winner ဆု ရရှိခဲ့တာဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်- ဇွဲဥာဏ်

Category

🗞
News

Recommended