လေလွင့် တိရိစ္ဆာန်တွေကို ကယ်တင်မယ့် ရန်ပုံငွေ ပန်းချီပွဲ ကျပ်၁၁ သိန်းကျော် ရရှိ

  • 7 years ago
လေလွင့်ပြီး ခိုကိုးရာမဲ့နေတဲ့ တိရိစ္ဆာန်လေးတွေကို ကယ်တင်ဖို့နဲ့ ကူညီကယ်ဆယ်ပေးနေတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းမယ့် ပန်းချီပြပွဲ တစ်ခုကို 43 Art Gallery မှာ မတ်လ ၁၈ ရက် ကနေ ၂၀ ရက် အထိကျင်းပခဲ့ပါတယ်။ ရန်ပုံငွေပွဲ အတွက် အလှူရှင် ပန်းချီဆရာ ဆရာမ(၅၃)ဦးက သူတို့ရဲ့ ပန်းချီကား ၁၀၅ ကားကို ပြသရောင်း ချခဲ့တာဖြစ်ပြီး ရရှိလာတဲ့ အကျိုးအမြတ် အကုန်လုံးကို လှူဒါန်းခဲ့ကြတာပါ။ ရောင်းချလို့ ရရှိလာတဲ့ ပန်းချီကား ၄၆ ကားက ရရှိငွေ ၁၁ သိန်း ၄ သောင်းကို လေလွင့်ပြီး ခိုကိုးရာမဲ့နေတဲ့
တိ၇ိစ္ဆာန်တွေကို ကယ်တင်ပေးနေတဲ့ အဖွဲ့အစည်း ၂၂ ခုကို အချိုးကျ ခွဲဝေလှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်

Category

🗞
News

Recommended