အောင်မင်္ဂလာ အဝေးပြေးမှာ မိုင်းအန္တရာယ်ကာကွယ်ဖို့ ရဲတပ်ဖွဲ့က ၂၄ နာရီ စစ်ဆေးနေ

  • 7 years ago
အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှာ မိုင်းအန္တရာယ်ကို ကာကွယ်နိုင်ဖို့ ရဲတပ်ဖွဲ့က ၂၄နာရီ စစ်ဆေး ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။ အကြမ်းဖက်သမားတွေက ဖောက်ခွဲမှုတွေပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ အတွက် ပြည်သူတွေ အနေနဲ့ မိုင်းအန္တရာယ်ကို သိရှိနိုင်ဖို့ ရဲတပ်ဖွဲ့အနေနဲ့ အသိပညာပေးမှုတွေ လုပ်ဆောင်နေပြီး ဒီကနေ့ စက်တင်ဘာ ၂၂ရက်နေ့မှာ ကားဂိတ်နဲ့ လုံခြုံရေး တာဝန်ရှိသူတွေကို အသိပညာပေးတွေ့ဆုံပွဲ ပြုလုပ်ခဲ့တာပါ။

ကားဂိတ်တွေက ကုန်တင်ကုန်ချပြုလုပ်ရာ နေရာတွေမှာလည်း စစ်ဆေးသွားမယ်လို့ အမှတ် (၁၅) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ရဲမှူး သွင်ထူးက ပြောပါတယ်။

အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှာ ကားဂိတ်ပေါင်း နှစ်ရာကျော် ရှိနေပြီး CCTV တွေ အားလုံးတပ်ဆင်ထားတယ်လို့ လုံခြုံရေးကော်မတီ အတွင်းရေးမှူး ဦးလွင်ဦးက ပြောပါတယ်။ အောင်မင်္ဂလာမှာ လူနေခန်းနဲ့ ကားဂိတ်ခန်း ၈၀၀ကျော် ရှိ နေပြီး နေ့စဉ် ခရီးသွားပြည်သူ သောင်းဂဏာန်း ကျော် ဝင်ထွက်သွားလာလျက် ရှိပါတယ်။

ရုပ်သံသတင်းထောက် - မြတ်သီဟမောင်

Category

🗞
News

Recommended